3-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

"ဟင်!! yi fan"

ရင်ခွင်ထဲခေါင်းမှီရင်း အနွေးထည်အကျီ
အောက် လက်လျှိုဝင်ကာ သူ့ခါးအား
ခပ်တင်းတင်းဖက်ထားသော ကျွန်တော့်
အား သူအံ့အားသင့်စွာ ငုံ့ကြည့်ရဲ့

"ခဏလေးပါ…ဒီအတိုင်း ခဏလေးပဲ"

တောင်းဆိုသလိုလေးပြောရင်း ကျွန်
တော်သူ့ရင်ခွင်ထဲ ပိုးတိုးဝင်ပစ်လိုက်
သည်…နွေးထွေးသလို လုံခြုံသလို ခံစား
ချက်လေး သူ့ရင်ခွင်ဆီက ကျွန်တော်
ရလိုက်တယ်…

"အင်း!! အင်း!! ဟုတ်ပါပြီ"

သဘောတူသလိုလေးပြောပြီး သူ့ရင်ခွင်
ဲထဲက ကျွန်တော့်ကိုယ်ပေါ် အနွေးထည်
လေးဆွဲအုပ်ပေးနေသည့်သူဟာ ခေါင်း
လေးမော့ကာ မျက်လုံးစုံမှိတ်ထားလေ
သည်…အနည်းငယ် ကော့ညွတ်နေသည့်
သူ့နှုတ်ခမ်းလုံးလုံးကလေးဟာ ဘာကို
သဘောကျနေသည်လဲ??

မျက်နှာပြင်နုနုကို ထိခတ်နမ်းရှိုက်နေ သည့် လေနုအေးလေးတွေကိုလား??

တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် အေး
စိမ့်စိမ့် ရာသီဥတုအခြေအနေကိုလား??

ဒါမှမဟုတ်??

သူ့ရင်ခွင်ထဲ တိုးဝင်နေသည့် ကျွန်တော့်
ကို…အာ…wu yi fan တော်ရုံပဲ ရူးစမ်း
ပါ…မဟုတ်တာတွေ တွေးနေပြန်ပြီ…

နှလုံးသားနေရာ ဘယ်ဘက်ရင်အုံကို ခပ်
ဖွဖွလေးအကြင်နာပေးမိတဲ့ ကျွန်တော့်
နှုတ်ခမ်းအစုံကို သူသတိမထားမိလောက်
ပါဘူးနော်…

သူ့ရင်ဘတ်ထက်က နှုတ်ခမ်းလေးကို ပြန်
ခွာလိုက်ရင်း နှလုံးသားထက်နားလေး
ကပ်မိသည်…စည်းချက်ညီနေတဲ့ သူ့နှလုံး
ခုံသံလေးတွေကို ကျွန်တော်နားထောင်
ရတာကြိုက်တယ်…

သူ့ရင်ဘတ်ကို ဖွဖွကလေးနမ်းရတာကို
သဘောကျတယ်…သူ့ရင်ခွင်တိုးဝင်နေရ
တာကို နှစ်သက်တယ်…

ကျွန်တော့်ကို ကြည့်မလာတဲ့ သူ့မျက်နှာ
နုနုကလေးကို ငေးကြည့်နေရတာကို
ချစ်တယ်…

chan yeolရယ် မင်းက ငါ့အရာအားလုံး
ပါ…

~~~~~

အခုတလော ကျွန်တော်နဲ့ yi fanအခြေ
အနေက သိသိသာသာ တိုးတက်လာ တယ်ပြောရမလား…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now