My Precious KoKo & Baek Boo

2.5K 298 49
                                    

Epi~~20

ထိုနေ့ကတော့ Media တွေအကြိုက်သတင်းယူလို့အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့၏…
"အဆိုတော် သရုပ်ဆောင်Park Chanyeol အနုပညာလောကမှအပြီးတိုင်စွန့်ခွာခြင်း"ဆိုတဲ့ခေါင်းစီးတစ်ခုက Websitesတွေရော သတင်းစာတွေမှာပါပလူပျံနေလျက်…

*Rap အဆိုတော်တဖြစ်လဲ မင်းသား Park Chanyeol သည် အကြောင်းကိစ္စတစ်ခုခုကြောင့်အနုပညာလောကမှစွန့်ခွာသွားခဲ့သည်။သူ့ရဲ့ Fansများကတားဆီးပါသော်လည်း Park Chanyeolကဂရုမမူခဲ့ပေ။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး Park Chanyeol က 'ကျွန်တော်တကယ့်ကိုအသက်တမျှအရေးကြီးလှတဲ့ကိစ္စကြောင့်ထွက်ခွာသွားရတာပါ… ကျွန်တော့်ကိုချစ်နေပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်…အခွင့်ရခဲ့ရင်တော့ ကျွန်တော်ပရိသတ်တွေရှေ့မှောက်ကို ပြန်လာချင်ပါသေးတယ် ဒါပေမယ့်လို့အခွင့်ရဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ပါဘူးလေ…ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကိုချစ်ပါတယ်' ဟုပြောကြားသွားခဲ့ပါတယ်*

သတင်းစာထဲက သတင်းတစ်ပုဒ်ကို ဖတ်ပြီး Baekhyun တုန်လှုပ်သွားရသည်။ထို့ကြောင့် Xiumin ကိုဖုန်းဆက်ခေါ်ကာ

"Hello Hyung Park Chanyeol ရဲ့သတင်းကအမှန်လား??"

"ဟုတ်တယ် Hyunee Hyung တို့နဲ့ဇာတ်ကားရိုက်ဖို့စာချုပ်ချုပ်ထားတာ သူဖျက်သိမ်းသွားတယ် စာချုပ်ဖျက်သိမ်းရင် နှစ်ဆလျော်ရတယ်လေ မနက်က သူလျော်ကြေးလာပေးသွားတယ်"

"ဟူး~ ဘယ်လိုတွေလဲ Hyung ရာ"

~~အဆင်ပြေပါ့မလား Park Chanyeol !! ကျွန်တော်ပြောတာလွန်သွားခဲ့တာလား?? ကျွန်တော်က ခင်ဗျားကို ဒီလောကကနေထွက်သွားခိုင်းတာမှမဟုတ်တာဗျာ ကျွန်တော့်ရှေ့ကနေပဲပျောက်ကွယ်ခိုင်းမိတာပါ ……

Baekhyun စိတ်ထဲမကောင်းဖြစ်သွားရသည်။

>>>>>>>>>>>>

"မင်းအခု ဘယ်သွားမှာလဲ Chanyeol !! ဒီမှာနေတော့ရော ဘာဖြစ်မှာမလို့လဲကွာ"

မနေနိုင်မထိုင်နိုင် Sehun က အဝတ်အစားများကို ခရီးဆောင်အိတ်ထဲထည့်သိမ်းနေသော Chanyeol အားမေမိလေ၏

"အင်း…~ဘာလို့လဲဆိုတော့ ဒီလိုပါပဲကွာ ငါဒီမှာဆက်ရှိနေရင် Baekhyun နားကိုသွာမိလိမ့်မယ် သူ့ဘဝနဲ့သူ နေပါစေလေတော့ ငါအနှောင့်အယှက်တကယ်မပေးချင်တော့ဘူး"

My Precious KoKo & Baek BooWhere stories live. Discover now