My Precious KoKo & Baek Boo

2.9K 325 46
                                    

Epi~~17

Ring Ring~
Xiumin Baekhyun ရဲ့အနမ်းများအားစားသုံးနေစဉ် ရုတ်တရတ်ဖုန်းလာတာကြောင့် ထိုနှုတ်ခမ်းပိစိလေးများအား လွှတ်ပေးလိုက်သည်။
Baekhyun ကတော့ ရှက်ရွံ့စွာ လက်နှစ်ဖက်ကိုအကြောင်းမဲ့ပွတ်ချေနေလေရဲ့
Xiumin ကတော့ Ph ကိုင်လိုက်ကာ

"Hello"

"......"

"Nae ကျွန်တော်အခုလာခဲ့ပါ့မယ် ကျွန်တော်မလာခင်အဆင်ပြေအောင် လုပ်ထားပါ"

Xiumin Ph ချလိုက်ပြီး Baekhyun ကိုကြည့်လိုက်ကာ

"Hyunee"

"ဟင် !"

"ဟို Hyung အခု Jandong မြို့ကိုခဏသွားရမယ် ဂျယ်ဂျူနဲ့ဆိုနည်းနည်းတော့ဝေးတယ် Soeul နဲ့ ဂျယ်ဂျူကြားမှာရှိတဲ့မြို့ အရေးကြီးကိစ္စလေးပေါ်လာလို့နော် Hyung နဲ့ ရိုက်ကွင်း Manager နဲ့သွားရမယ် မနက်ဖြန်လောက်မှပြန်ရောက်မယ်ထင်တယ် ပြန်ရောက်တာနဲ့ Hyunee ကိုခေါ်ပြီး Soeul ပြန်မယ် ဒီညတော့အဆင်ပြေတယ်မလား?"

"အာ ရ ရပါတယိ Hyung ရဲ့"

"Ok မနက်ဖြန်မနက်လာခေါ်မယ်နော် ကောင်းကောင်းနေရစ်ခဲ့ Hyung သွားပြီ စိတ်ချမယ်နော် Hyunee"
Xiumin Baekhyunအားလက်ပြနှုတ်ဆက်ကာ ထွက်သွားလေရဲ့
Baekhyun ကတော့ ထိုခုံတန်းလေးမှာပင် ထိုင်ကာ တိုးဝှေ့လာသော လေပြေကိုနောက်ဆုံးအနေနဲ့ ခံစားနေလေသည်။

ည ၇နာရီ အချိန် တော်တော်လေးကိုမှောင်တော့မှ Baekhyun ထိုပန်းခြံသေးလေးမှထွက်ခွာကာ ဘန်ဂလိုသို့ဦးတည်လိုက်သည်။
Baekhyun အခန်းတံခါးကိုဖွင့်ရန်ပြင်နေစဉ်

"Byun Baekhyun!!!!"
မာကြောခက်ထန်လှတဲ့အသံကြောင့် Baekhyun လန့်သွားကာ

"Chan ~ Chanyeol Hyung ဘာ...ဘာကိစ္စရှိလို့လဲဟင်"

Chanyeol မဲ့ပြုံးတစ်ခုကိုပြုံးလိုက်ပြီး

"Hak! မင်းတစ်ယောက်တည်းလား? Xiuminရော"

"Hyung ကအလုပ်ကိစ္စရှိလို့ အပြင်သွားတယ်"

"မင်း အဲ့ကောင် Xiumin ကိုချစ်နေတာလား"

"ဟင်"

"ငါမေးနေတယ်ဖြေလေ !!!!!"
Chanyeol အသံကျယ်နဲ့အော်လိုက်တော့

"BaekBaek ကိုမအော်ပါနဲ့ BaekBaek မကြိုက်ဘူး"
Baekhyun ဆူပုတ်ကာပြောနေလေတော့

My Precious KoKo & Baek BooWhere stories live. Discover now