My Precious KoKo & Baek Boo

2.6K 323 21
                                    

Epi~~9

Chanyeol သီချင်းရေးနေတုန်း ဝင်လာသော Message လေးတစ်စောင်ကြောင့် စိုးရိမ်ပူပန်သွားခဲ့ရသည်။

*ကိုကို BaekBaek နေမကောင်းဘူး*တဲ့လေ

Chanyeol ချက်ချင်းပင် Ph ကောက်ဆက်လိုက်ကာ

"BaekBaek ဘယ်လိုဖြစ်လို့နေမကောင်းတာလဲ"

>>မနေ့က ကိုကို့ခြံရှေ့မှာစောင့်နေရင်း အအေးပတ်သွားတာဖြစ်မယ် ကိုကို

"အာ ဟုတ်ပြီ ကိုကိုခုလာခဲ့မယ် ဆေးသောက်ထားလား ဘာစားပြီးပြီလဲ"

>>ဟင့်အင်း မစားချင်ဘူး :( ကိုကို အခုလာခဲ့

"အင်း လာပြီ လာပြီ"

Chanyeol လည်းBaekhyun အိမ်သို့ ကားကိုအမြန်မောင်းနှင်လိုက်သည်။

>>>>>>>>CB<<<<<<<<
"Baekhyun!! Byun Baekhyun !!"

Chanyeol ခြံရှေ့ကနေအော်ခေါ်လေတော့ Baekhyun ရဲ့အမေဖြစ်သူထွက်လာပါရဲ့

"ဟို အန်တီ Baekhyun ရှိလား??"

"သြော် ရှိတယ် လာလေ သားဝင်လာခဲ့"

ဧည့်ခန်းထဲရောက်တော့

"အန်တီ သူနေမကောင်းဘူးဆိုလို့ လာကြည့်တာ"

"သြော် ဒါနဲ့ သားက BaekBaek သူငယ်ချင်းအသစ်လား??သားကိုမမြငိဖူးလို့ Luhan တို့ Kyung Soo တို့ပဲသိတာ အန်တီက"

Chanyeolလည်းအဖြေခက်နေလေတော့သည်။
အမှန်တိုင်းပြောပြရမလား မုသားသုံးရမလားဆိုတာ သူမဝေခွဲနိုငိ။

"အာ ဟုတ် ဟုတ်ပါတယ် ကျွန်တော်က Baekhyun ရဲ့သူငယ်ချင်းအသစ်………"

"ဘာ သူငယ်ချင်းလဲ??? ဘာမှသူငယ်ချင်းမဟုတ်ဘူး Omma အဲ့ဒါ BaekBaek ရဲ့ကိုကို "
ဘယ်ချိန်ကတည်းကနေ အောက်ထပ်ရောက်လာတယ်မသိ ။ဧည့်ခန်းတံခါးဝလေးနားမှာ Baekhyun မတ်တပ်ရပ်ကာ သူ့အမေကိုရှင်းပြလေသည်။Chanyeol ကတော့အနေရခက်နေတော့သည်။

"BaekBaek သား ဘယ်တုန်းက ရသွားတာလဲ??လက်စသတ်တော့ ငါ့သားလေးမငယ်တော့ဘူးပဲ "
Baekhyun အမေက ကြည်ကြည်ဖြူဖြူပြုံးစစနဲ့ပြောလာသည်မို့ Chanyeol စိတ်အေးသွားရသည်။သူ့အမေကလညိး အလိုက်သိစွာပင် ဧည့်ခန်းထဲကရှောင်ပေးလေသည်။

My Precious KoKo & Baek BooWhere stories live. Discover now