2-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

chan yeolအကြောင်းတွေးမိရုံနဲ့တင် သူ
ဟာ ပျော်နေတတ်သူ

အခန်းပတ်လည်တွင်ကပ်ထားသော chanyeolပုံကလေးတွေကို ငေးကြည့်ရင်း သူ့မျက်နှာတွင် ကြည်နူးရိပ်ကလေး
များ ယှက်သန်းလာရသည်

ချစ်တယ် chan yeol…အရမ်းချစ်တယ်
…ဘာအကြောင်းပဲရှိရှိ ငါမင်းကို ချစ်နေ
မှာမို့ မင်းကလည်း ငါ့အနားမှာပဲ နေပေး
ရမယ်နော်

"အားး!! ချစ်လိုက်တာ…"

ထိုနေ့ညက yi fanဟာ သူချစ်သည့်
ကောင်လေးနှင့် ပြန်တွေ့ရသောကြောင့်
အပျော်လွန်ကာ ခွခေါင်းအုံးကြီးအား ဖျစ်
ညှစ်ဖက်ရင်း ကုတင်ပေါ်ခုန်ပေါက်နေ
လေသည်

~~~~~

သူအောက်ဆင်းလာတော့ chan yeol
မနက်စာတောင်စားနေလေပြီ…ပြည့်စုံ
လိုက်တာ…chan yeolကို မြင်လိုက်ရ
သည့် မနက်ခင်းလေးဟာ ပြီး ပြည့်စုံလွန်း
သည်

"wu yi fan!! ကျောင်းနောက်ကျနေပြီ
…စောစောမဆင်းလာဘူး…တကယ်ပဲ…
အချိန်ကိုမလေးစားဘူး!!"

pa paဟာလေ အဲလိုပဲ…ကျွန်တော့်ကို
မြင်တာနဲ့ ဆူတော့တာ…တကယ်ပဲ…
chan yeolရှိနေတာကို

"ကျောင်းသွားပါတော့…အဲ!!"

ဆူပွပွနှင့် ကျောင်းသွားရန်ပြင်လိုက်သော်
ငြား ကော်ဖီသောက်ရင်းက chan yeol
ဟာ လှည့်ကြည့်ကာ ပြုံးပြလာသည်မို့ စကားလုံးတွေတောင် ပျောက်ရှကုန် သည် အထိ…

chan yeolရယ် မင်းအပြုံးတွေနဲ့ ငါ့ကို
သတ်နေတာလားဟင်!!

"yi fan…မနက်စာလာစား"

pa paစကားကို အထွန့်တက်မနေတော့ ဘဲ chan yeolနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း မနက်စားဖို့ပြင်လိုက်တော့
သူဟာ ကော်ဖီခွက်ကလေးကို ကျွန်တော်
ရှေ့လာချပေးလေသည်

"သောက်လေညီ…ပြီးရင် hyung
ကျောင်းလိုက်ပို့ပေးမယ်နော်…"

"yi fanနဲ့ ပိုရင်းနှီးစေချင်တယ်" ဆိုသည့်
ဦးရဲ့ တောင်းဆိုမှုကြောင့် ညီကို ကျောင်း
လိုက်ပို့ရန်ပြောလိုက်ခြင်းသာ…ခပ်ဆိုး
ဆိုးကောင်လေးပုံစံကြောင့် စိတ်တော့
ညစ်မိပေမယ့် ဦးရဲ့ ကျေးဇူးတွေ ကျွန်
တော်တို့သားအမိအပေါ် ရှိနေပြန်တော့
လည်း…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now