6.9K 435 5
episode-30(◑_◑)
"yeol~~baek baekကိုယ့်ကိုစောင့်အုန်းလေကွာ"
သဲသောင်ပြင်ပေါ် ခြေဗလာနှင့် ဆောင့်အင့်
ဆောင့်အင့်ထွက်သွားသည့် Baekအားတံခါး
ပိတ်နေရင်းမှ လှမ်းအော်လိုက်သည်။
သို့သော် သူမကတော့ တစ်စက်ကလေးမှ
လှည့်မကြည့်။
အခန်းသော့အား ဘောင်းဘီအိတ်ထဲ ကပြာကယာ
ထိုးထည့်ပြီး သူမနောက်သို့ အလျင်အမြနိ
ပြေးလိုက်ရသည်။
မှီလုမှီဆဲရောက်မှ သူမလက်အား လှမ်းဆွဲလိုက်ကာ…။
"yeol~~baekကိုယ့်ကို စောင့်ပါအုန်းဆိုကွာ"
သူမပြန်မဖြေ။ သူ့လက်ကိုသာ ခပ်ဆက်ဆက်
ပုတ်ထုတ်လိုက်သည်။
သူကလည်း လွယ်လွယ်နဲ့ ဇွဲလျှော့တတ်သူ
မဟုတ်လေတော့ နောက်တစ်ကြိမ် သူမလက်
အား မရမကပြန်ဆွဲရင်း အကြည့်ချင်းစုံပစ်လိုက်သည်။
"yeol~~wae? ဘာလို့ဒီလိုတွေ ဖြစ်နေတာလဲ?"
သူ့အမေးအား ပြန်မဖြေပဲ မျက်နှာလွဲသွားတဲ့သူမ။
သူစိတ်ပျက်စွာ ညာလက်မောင်းအား ခေါင်းပေါ်
မြှောက်တင်ကာ လက်ချောင်းတွေကို ဆံနွယ်တွေ
ကြားထဲ ထိုးဖွလိုက်သည်။
"yeol~~ကိုယ့်ကိုဘာစိတ်ဆိုးတာလဲ? ပြောလေ"
"baek~~ဘာမှမဆိုးဘူး"
"yeol~~ကျစ် အဲ့မဆိုးဘူးဆိုတာကိုက စိတ်ဆိုးနေတယ်ဆိုတာကို ဖော်ပြနေတာ"
စိတ်ပျက်စွာ ညည်းညူ.လိုက်ပြီး သူမပခုံးအား
လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ဆုတ်ကိုင်လိုက်သည်။
"yeol~~ပြောပါ ဟမ် ဘာကိုစိတ်ဆိုးတာလဲလို့"
"baek~~သူများက ချစ်လို့စတာကို သူကလက်စားပြန်ချေတယ် ဟွန်း"
မပီမသထွက်လာတဲ့ သူမစကားသံကြောင့်
သူနည်းနည်းအကျပ် ရိုက်သွားသည်။
သူမဘယ်အကြောင်းအရာကို ပြောနေတာလဲ?
သူကရော ဘယ်တုန်းကသူမကို လက်စားချေ
လိုက်တာလဲ?
ခေါင်းထဲမှာ အတွေးပေါင်းများစွာက မရေမရာ။
"yeol~~baekပြောတာ ကိုယ်နားမလည်ဘူး"
ကျွန်မCrushနှင့် တစ်ထောင့်တစ်ည [ က်ြန္မCrushနှင့် တစ်ထောင့်တစ်ည ]Where stories live. Discover now