အဲဒီ့အချိန်ကစပြီး Yunho ဘယ်သွားသွား Jaejoong ကိုခေါ်သွားတယ်...။ အလုပ်ထဲမှာလဲ Yunho က အလုပ်လုပ် Jaejoong က ဘေးမှာဂိမ်းဆော့ရင်ဆော့ အိပ်ချင်အိပ်ပဲ...။ သူက CEO ဆိုတော့လဲ Jaejoong ကို ဘယ်သူမှမပြောကြ...။

အခုဆို Yunho ရဲ့ကိုယ်ပိုင်ကုမ္မဏီက သေးသေးလေးကနေ တဖြည်းဖြည်းနဲ့အောင်မြင်စပြုလာတယ်...။ Jaejoong ဆိုတာလဲ အရင်က Shim Changmin ရဲ့အိမ်ထောင်ဘက်ဆိုတဲ့ နာမည်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး Jung Yunho  ရဲ့ ညီလေးဆိုပြီးတော့သာ လူသိများလာကြသည်....။

Yunho နာမည်ရလာတော့ သူ့ရဲ့အဖေအရင်းကလဲ ပြန်ရှာတွေ့သွားခဲ့တယ်လေ....။ အခုတော့လဲ Jaejoong သူ့ရဲ့ဘ၀အသစ်မှာ နေသားကျနေပါပြီ....။

"ကျွန်တော်ပြန်ရောက်ပါပြီ..."

အတိတ်အကြောင်းပြန်တွေးနေမိတာ အိမ်ရှေ့ကကားရပ်သံကိုတောင် Jaejoong မကြားလိုက်မိ....။ Yunho အသံကြားတော့မှ Jaejoong ခပ်မြန်မြန်လေး အိမ်ရှေ့ပြန်ထွက်လိုက်ပြီး Yunho ကို သွားကြိုလိုက်ရသည်....။ Yunho ကတော့ Appa နဲ့စကားတွေပြောနေတယ်....။

"Hyung ပြန်ရောက်ပြီလား...??"

"အင်း Joongie ဒီနေ့ဘယ်သွားသေးလဲ...??"

"မသွားပါဘူး Appa နဲ့ပဲ အိမ်မှာနေတာ"

Yunho က သူဝယ်လာတဲ့မုန့်ထုတ်ကို Jaejoong ဆီသို့ လှမ်းပေးလိုက်တော့ Jaejoong လဲဝမ်းသာအားရယူလိုက်တယ်..။

"Gomawo Hyung... Appa ကျွန်တော်တို့အတူတူစားရအောင်"

"Appa က မစားပါဘူး သားဘာဘာစားပါ"

Jaejoong စားမလို့ရှိသေး Yunho က ဖျတ်ခနဲမုန့်ထုတ်ကို ပြန်လှမ်းယူလိုက်တယ်...။

"ညစာအရင်စားရဦးမယ်လေ Joongie ရဲ့ အခုမစားနဲ့ဦး"

"ဟွန်း...ပြီးရော အဲဒါဆိုညစာအခုစားမယ်"

Jaejoong က မျက်နှာလေးစူပုတ်ပုတ်နဲ့ အိမ်နောက်ထဲဝင်သွားကာ ညစာပြင်ဖို့လုပ်နေတော့တယ်....။  Yunho ကတော့ Jaejoong ရဲ့ချစ်စဖွယ်အမူအယာလေးကို ကြည့်ပြီး သဘောတွေကျနေတယ်...။

"Yunnie သား Joongie ကိုတော်တော်လေးချစ်လား..??"

Appa မေးတော့လဲ Yunho မဆိုင်းမတွခေါင်းညိတ်ပြတယ်....။

You're My Everything {Completed}Where stories live. Discover now