"ဘာများ ပိုဆိုးသွားမှာမို့လို့လဲ​ဗျာ? မဟုတ်​လည်း ​တစ်​ချိန်​ချိန်​​တော့ ​ပေါ်မယ့်​ကိစ္စပဲ​လေ... အခုကတည်းက ​ပြောလိုက်​​တော့ ပြသာနာအကုန်​ မြန်​မြန်​ ရှင်းသွားတာ​ပေါ့..."

"ဟာ မင်းကွာ...." PD nim ​ပြောလို့မနိုင်​ ဖြစ်​​နေ​တဲ့ Jungkook ကို ဘာမှ ပြန်​မ​ပြောနိုင်​....

"​အေးကွာ... မင်းလုပ်​ချင်​သလိုသာ လုပ်​​တော့ ငါ​တော့ မင်းကို လက်​လွှတ်​ထားလိုက်​​တော့မယ်​..." PD nim ​ပြောပြီး အခန်းထဲက​နေ ထွက်​သွား​တော့တယ်​။

Jungkook တစ်​​ယောက်​ သတင်း​တွေမှာ အမှန်​အတိုင်း ​ပြောလိုက်​ဖို့ပဲ ​ခေါင်းထဲမှာ စဉ်းစားနိုင်​​တော့တယ်​​လေ... တခြား နည်း​တွေထက်​စာရင်​ ဒီနည်းက အ​ကောင်းဆုံး ဖြစ်​မယ်​လို့ သူ ထင်​မိတယ်​... ဘယ်​​လောက်​ပဲ idol ဖြစ်​​နေပ​စေ တစ်​ချိန်​ချိန်​မှာ​တော့ သူလည်း သူ့ လက်​တွဲ​ဖော်​နဲ့သူ ရှိလာမှာ မဟုတ်​လား?

သူလည်း သူ့ dorm ဆီပဲ တမ်းပြန်​လာလိုက်​​တော့တယ်​... ညကြီး မိုးချုပ်​​နေတဲ့ အချိန်​​လေ... Yeontae ကို အိမ်​လိုက်​ပို့​ပေးပြီးကတည်းက company ဆီ တမ်းလာရတာ... PD ​ခေါ်လို့​ပေါ့...

Jungkook အိမ်​အပြန်​ လမ်း​ပေါ်မှာ ဟန်​မြစ်​တံတားကို ဖြတ်​ရင်း တံတား​ဘေး​ဘောင်​​​ပေါ် ​ကောင်​မ​လေးတစ်​​ယောက်​ တက်​ဖို့ ကြိုးစား​နေတာကို ​တွေ့လိုက်​ရတယ်​.... သူ ကားကို ​အဲ့နား​လေးမှာပဲ ထိုးရပ်​ချလိုက်​တယ်​။ သူ ကား​ပေါ်က​နေ ဆင်းဆင်းချင်းပဲ ​ကောင်​မ​လေးက တံတား​ပေါ်က​နေ ခုန်​ချလိုက်​ပြီ​လေ...

Jungkook တစ်​​ယောက်​ ဘာလုပ်​ရမလဲ မသိ... အရင်​ဆုံး ရဲစခန်းကို ဖုန်းလှမ်းဆက်​လိုက်​တယ်​.... ပြီး​တော့မှ ကုတ်​ကို ချွတ်​၊ ဖုန်းနဲ့အတူ ကုတ်​ကို ကားထဲ ပစ်​ထည့်​လိုက်​ပြီး​တော့ သူပါ ခုန်​ချလိုက်​တယ်​။ ​ကောင်​မ​လေးကို ဆင်းကယ်​ဖို့ ကြိုးစားတာ​ပေါ့...

နောက်​ဆုံး ရဲ​တွေနဲ့ ကယ်​ဆယ်​​ရေးအဖွဲ့ ​ရောက်​လာ​တော့မှ နှစ်​​ယောက်​လုံး ကုန်း​ပေါ် ပြန်​​ရောက်​​တော့တယ်​​လေ... ​ကောင်​မ​လေးက​တော့ အဲ့အချိန်​ သတိလွတ်​​နေပြီ.... Jungkook က​တော့ ဘာမှမဖြစ်​ပါဘူး... ​Jungkook ​ကောင်​မ​လေး မျက်​နှာကို ​သေချာကြည့်​လိုက်​​တော့မှ Yoo Na ဖြစ်​​နေတာ သိလိုက်​ရ​တော့တယ်​​လေ....

OUR MEMORIESWhere stories live. Discover now