Yeontae's pov
ကျွန်မ ဆေးရုံမှာ လူနာ မရှိတုန်းလေး ကော်ဖီပူပူလေး သောက်ချင်လို့ ကော်ဖီဆိုင်လေးဆီ လမ်းလျှောက်လာခဲ့တယ်။ ရာသီဥတုက အေးသထက် အေးလာပြီလေ...
"Hot cappuccino ရပါပြီရှင့်..."
ကျွန်မ ကော်ဖီဘူးလေး ယူပြီး ဆေးရုံထဲ ပြန်လျှောက်လာလိုက်တယ်။
ကျွန်မ pharmacy နားကနေ ဖြတ်လျှောက်နေတုန်း ရှေ့မှာ လမ်းလာပိတ်တဲ့သူကြောင့် မော့ကြည့်လိုက်တော့ Yoo Na ဖြစ်နေတယ်လေ... သူက ဘယ်လိုလုပ် ဒီအထိတောင် ရောက်လာပြန်တာတုန်း?
ကျွန်မ သူ့ကို ဂရုမစိုက်ဘဲ သူ့ကို ပြန်ကျော်ပြီး သွားမယ်အလုပ် သူက ထပ်ပိတ်ပြန်တယ်လေ...
ကျွန်မ စိတ်မရှည်တော့ဘဲ သူ့ကို ပြန်မော့ကြည့်ပြီး "ကျွန်မ လူနာတွေ ကြည့်ပေးရဦးမှာ မအားဘူးရှင့်..."
"ကျွန်မလည်း Yeontae ကို ပြောစရာ သိပ်မရှိပါဘူး... နည်းနည်းလေး သတိထပ်ပေးချင်ယုံပါ..." သူက ကျွန်မကို ဒေါသမီးတောက်နေတဲ့ မျက်လုံးနဲ့ ကြည့်နေရာကနေ ကျွန်မနားနား ကပ်ပြီး "Jungkook နဲ့ ဝေးဝေးနေပါလို့ ပြောခဲ့တယ် မဟုတ်လား? အခု ဘာဖြစ်လို့ သူနဲ့ ထပ်တွေ့နေတာလဲ? မဟုတ်လို့ကတော့ ငါ့အဆိုး မဆိုနဲ့နော်..." လို့ ပြောပြီး တစ်ချက် ပြုံးပြတယ်...
ကျွန်မလည်း သူကြားအောင် တစ်ချက်လောက် ရယ်ပြီးမှ "လုပ်ချင်တာသာ လုပ်ပါ... Yoo Na သိထားရမှာက Jungkook ချစ်တဲ့သူက ကျွန်မပဲ ဆိုတာ..."
"ရတယ်လေ.... ဒီလိုဆိုလည်း ငါ လုပ်သင့်တာကို ဆက်လုပ်ရတော့မှာပေါ့... Yeontae ကိုမှ သိပ်ချစ်ပါတယ်ဆိုတဲ့ Jungkook က တစ်နေ့ Yeontae မျက်စိရှေ့မှာ ဟောဒီက Yoo Na ကိုပဲ ချစ်တာပါဆိုပြီး ပြောထွက်လာစေရမယ်။"
"အဲ့လိုနေ့မျိုးကို စောင့်မျှော်နေရင်တော့ Yoo Na စိတ်ကုန်သွားရလိမ့်မယ်... ဒါနဲ့ Yoo Na က ဘာဖြစ်လို့ သူများ အချစ်ရေးကို လိုက်နှောင့်ယှက်နေရတာလဲ? သူများ ချစ်သူကို လိုက်လုနေရတာ မရှက်ဘူးလားဟင်?"