သူမ

1.8K 200 11
                                    

Unicode

"ရိ​ဖေး!!ဆင်းခဲ့တော့ ပြုတ်ကျလိမ့်မယ်!!"

ချန်း​ညောလ် နန်းတော်ထဲလမ်းလျှောက်ထွက်လာရင် တစ်နေရာအရောက်မှာနန်းတွင်းသူ​တွေ ဆူညံနေတာကိုတွေ့တော့ စိတ်ဝင်စားသွားမိတယ်.....

အနီးအနားထိ သွားပြီးအကဲခတ်လိုက်​တော့ ရိ​ဖေး ဆိုတဲ့မိန်းကလေးကသစ်ပင်ပေါ်မှာ....

စည်းကမ်းတင်းကြပ်သူပီပီ ချန်း​ညောလ် တစ်ခဏ​တော့စိတ်တိုသွားမိသည်

မိန်းက​လေးလုပ်သူကဘယ်လိုဖြစ်ပြီးသစ်ပင်​ပေါ်​​ရောက်​နေရသလဲ?? ဒါကလည်း နန်းတွင်းသူတစ်​ယောက်က!မသင့်​တော်လိုက်တာ!

"အဲ့ဒါဘာဖြစ်နေကြတာလဲ!..."

"အရှင်!..."

နောက်ကနေ အသံပေးလိုက်တော့ မြေပြင်ပေါ်က မိန်းကလေးတွေကချက်ချင်း အရိုအသေပေးကာ နောက်ဆုတ်သွားကြတယ်.....

သစ်ပင်​ပေါ်တက်​ကောင်း​နေတဲ့ ရိဖန်က​တော့ ​အောက်ကအ​ခြေအ​နေ​တွေကိုဘာတစ်ခုမှမသိရှာ..

အချိန်အ​တော်ကြာမှ ​အောက်ကအသံ​တွေငြိမ်ကျသွားလို့တစ်ခုခုမူမမှန်​ကြောင်း ရိဖန် သတိထားမိပြီးသစ်ကိုင်းကို လက်တစ်ဖက်နဲ့ကိုင်ထားရင်းနဲ့ သစ်ပင်အောက်ကိုငုံ့ကြည့်တော့......

သစ်ပင်​အောက်က​နေသူ့ကို စူးစိုက်ကြည့်​နေတဲ့ ​ဒေါသထွက်​နေတဲ့ ချန်း​ညောလ်!..

ဘုရင်ကို သစ်ပင်အောက်မှာတွေ့လိုက်ရတော့ ယောင်ရမ်းပြီး လက်ကိုလွှတ်လိုက်တာ တစ်ခါတည်းသစ်ပင်ပေါ်ကပြုတ်ကျ​လေ​တော့တယ်......

"ဘုတ်..."

"အ!ဝူရိ​ဖေး!!..."

" အ... တောင်း တောင်းပန်ပါတယ်အရှင်...."

သစ်ပင်ပေါ်ကကျတာတောင် ရိုးရိုးမကျရှာပဲ ချန်း​​​ညောလ် ရဲ့ဘယ်ဘက်ခြေထောက်ပေါ်ကို တစ်ကိုယ်လုံးပြုတ်ကျလေတယ်....

​တော်​တော်ကြာကြာအထိ ရိဖန် မထနိုင်သေးဘဲ မြေကြီးပေါ်မှာငုတ်တုတ်ထိုင်နေမိတယ်.....

ဘုရင်တွေစီးတဲ့ဖိနပ်က အမာကြီးဖြစ်တာ​​ကြောင့် ပြုတ်ကျရင်းက ခါးထိသွားပုံရသည်.....

You've reached the end of published parts.

⏰ Last updated: Aug 17, 2021 ⏰

Add this story to your Library to get notified about new parts!

လိပ်ပြာတစ်​ကောင်ရဲ့လင်္ကာ | လိပျပွာတဈကောငျရဲ့လငျ်ကာWhere stories live. Discover now