"Lim Yeontae!" သူမ ​တော်​​တော်​​လေး ​ဒေါသ ထွက်​သွားပုံ ရပါတယ်​။

"​ပြောစရာ မရှိ​တော့ရင်​-" ကျွန်​မ စကားလုံး​တွေကို ရပ်​တန့်​သွား​စေတာက​တော့ ကျွန်​မ မျက်​နှာဆီကို အရှိန်​နဲ့ ​ရောက်​လာတဲ့ ​​ကော်​ဖီပူပူ​တွေ​ကြောင့်​.... သူ ကျွန်​မလက်​ထဲက ​ကော်​ဖီဘူးကို ယူပြီး ပက်​လိုက်​တာ​ပေါ့...

"LEE YOO NA!!" ​​​အသံလာရာ ​ဘေးဘက်​ကို လှည့်​ကြည့်​လိုက်​​တော့ ကျွန်​မရဲ့ လူနာ​တွေထဲက အန်​တီကြီးတစ်​​ယောက်​ပါ...

အန်​တီက Yoo Na ပါးကို ရိုက်​ချလိုက်​ပြီး "Dr.Lim ​တောင်းပန်​ပါတယ်​... ​ကျွန်​မ သမီးအစား ကျွန်​မ ​တောင်းပန်​ပါတယ်​။ သူ့ကို ​ကောင်း​ကောင်း မဆုံးမခဲ့မိလို့-"... ကျွန်​မကို ဦးတစ်​ညွှတ်​ညွှတ်​နဲ့ ​တောင်းပန်​​နေတဲ့ အန်​တီ့ကို ကျွန်​မ လှမ်းတားလိုက်​ရတယ်​... "အန်​တီ ရပါတယ်​..."

"Umma! Umma က ဘာဖြစ်​လို့ သူ့ကို ​တောင်းပန်​​နေရတာလဲ? သူ သမီးကို ​ပြောတာ umma မှ မသိတာ!"

"​Lee Yoo Na တိတ်​လိုက်​စမ်း! နင်​နဲ့ ​ဒေါက်​တာနဲ့ ​ပြော​နေတာ ငါအကုန်​ ကြားပြီးပြီ။ ဘာမှ ငါ့ကို လိမ်​ဖို့ မကြိုးစားနဲ့။" အန်​တီက Yoo Na လက်​​မောင်းကို လှမ်းဆွဲ၊ ကျွန်​မဘက်​ကို ပြန်​လှည့်​ပြီး "​သမီးရယ်​ အန်​တီ တကယ်​ ​တောင်းပန်​ပါတယ်​​နော်​..."

"ရပါတယ်​ အန်​တီ" ကျွန်​မ တစ်​ချက်​ပြုံးပြလိုက်​​တော့မှ "လာခဲ့စမ်း နင့်​ကို အိမ်​​ရောက်​မှ အပြစ်​​ပေးမယ်​!" ဆိုပြီး Yoo Na ကို ဆွဲသွား​တော့တယ်​။

ကျွန်​မလည်း အမြန်​ အိမ်​သာဆီ ​ပြေးရ​တော့တာ​ပေါ့...

မျက်​နှာသစ်​လို့အပြီး ​ရှေ့က မှန်​သားပြင်​​ပေါ်မှာ ​ပေါ်လာတဲ့ ကိုယ့်​မျက်​နှာကို ကြည့်​ပြီး ကျွန်​မ တစ်​ချက်​ ညည်းညူမိတယ်​ "ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး ရှေ့ဆက်​ ရင်​ဆိုင်​ရဦးမှာ​တွေက ရှိ​သေးတယ်​လား?..."

ကျွန်​မ Jungkook oppa နဲ့ ပြန်​ပြီး အဆက်​အသွယ်​ ရှိတဲ့ အ​တောအတွင်းမှာပဲ တစ်​ပြိုင်​နက်​ Yoo Na က ပြန်​​ပေါ်လာ​တယ်​​လေ... သူက oppa ​နောက်​ကို အဲ့​လောက်​ထိ လိုက်​​နေတာလား? ဒါနဲ့ ဒီလို fan မျိုး ရှိတာကို oppa က​ရော နည်းနည်း​လေး​တောင်​ သတိမထားမိတာလား? ဒါမှမဟုတ်​ ကျွန်​မလိုမျိုး သိလျက်​နဲ့ ဒီအတိုင်း ​ရှေ့ဆက်​တိုး​နေတာလား?

OUR MEMORIESWhere stories live. Discover now