"အဲ့တာက Soorim တို့အတွက်​ အ​ကောင်းဆုံး ဖြစ်​မယ်​လို့ ထင်​ခဲ့လို့ပါ.... ​နောက်​လည်း လာမ​တွေ့ပါနဲ့​တော့...."

"Soorim ဘာဖြစ်​လို့ အဲ့လို ​ပြောရက်​ရတာလဲ? Oppa တို့မှာ Soorim တို့ကို ဘယ်​​လောက်​ လွမ်း​နေခဲ့ရလဲ Soorim တို့ သိလား? ဖုန်းဆက်​လည်း မကိုင်​... အခုလည်း တစ်​လ​ကျော်​ ခွဲပြီးမှ ပြန်​​တွေ့ရတာကိုလည်း oppa ရင်​ကို ဓားနဲ့ ထိုးနှက်​​နေတဲ့ စကားမျိုး​တွေကို ​ပြော​နေတယ်​...."

(Yeontae's pov : သူတို့ ဘာ​တွေ​ပြော​နေတာလဲ? တစ်​လ​ကျော်​ ခွဲ​နေခဲ့တာ? Soorim နဲ့ Seokjin oppa နဲ့က? Soorim ​ပြော​တော့ သူ Seokjin oppa နဲ့ ခဏခဏ အပြင်​​တွေ သွား​နေတာဆို? ဒါ... ဒါဆို သူ ကျွန်​မကို ​ပြော​နေခဲ့တာ​တွေက လိမ်​​နေတာ​တွေလား? သူလည်း Seokjin oppa နဲ့ လမ်းခွဲခဲ့တာကို ကျွန်​မကို ဘာဖြစ်​လို့ မ​ပြောပြခဲ့တာလဲ?)

"​တောင်းပန်​ပါတယ်​... ပြန်​ပါ​တော့ oppa..." Soorim တစ်​​ယောက်​ Jin ​ကျောကို တွန်း​လျက်​နဲ့ Yeontae တို့နား ​ရောက်​လာတယ်​။ Soorim... Yeontae ကိုလည်း မြင်​​ရော ငို​နေတာ​တွေပါ ရပ်​သွားတယ်​​လေ...

"Yeontaeah... ဘယ်​တုန်းက ပြန်​​ရောက်​​နေတာလဲ?"

Yeontae တစ်​​ယောက်​ သူ့ သူငယ်​ချင်း လက်​​မောင်းကို ထုပြီး "Yaaa... နင်​ ဘာဖြစ်​လို့ ငါ့ကို မ​ပြောခဲ့တာလဲ? ငါနဲ့ Jungkook oppa အ​ကြောင်းကို သိ​နေခဲ့တာကို ဘာဖြစ်​လို့ မသိသလို ဟန်​​ဆောင်​​နေတာလဲ!? ပြီး​တော့ ခုနက နင်​တို့ ​ပြောတာ​တွေက ဘာ​တွေလဲ? ဘာဖြစ်​လို့ seokjin oppa နဲ့ လမ်းခွဲခဲ့ရတာလဲ? ငါ Jungkook oppa နဲ့ လမ်းခွဲတိုင်း နင်​က ဘာဖြစ်​လို့ Seokjin oppa နဲ့ပါ လမ်းခွဲရတာလဲ? Wae? ဘာဖြစ်​လို့ ငါ့ကို အကုန်​ မ​ပြောပြခဲ့တာလဲ?" အဆက်​မပြတ်​ ​မေးပါ​တော့တယ်​​လေ... မျက်​ရည်​​တွေကလည်း ကျလျက်​​ပေါ့...

Soorim လည်း Yeontae ကို ပြန်​ဖက်​ပြီး "Yeontaeah... mianhae... ငါ နင့်​ကို ဝမ်းနည်းစရာ​တွေ ပိုပြီး မခံစား​စေချင်​လို့ မ​ပြောခဲ့တာပါ... နင်​သာ သိသွားရင်​ ငါတို့ နှစ်​​ယောက်​တူတူ ဒီ ဝမ်းနည်းစရာ​တွေထဲက မထွက်​နိုင်​ဘဲ ကျန်​နေခဲ့မှာစိုးလို့ပါ.... ငါ မသိသလို ဟန်​​ဆောင်​​နေမှ နင့်​စိတ်​နဲ့နင်​ ကြိုးစားပြီး ဝမ်းနည်းစရာ​တွေကို မြန်​မြန်​ ​​မေ့ပစ်​နိုင်​​အောင်​ပါ...."

OUR MEMORIESWhere stories live. Discover now