Messy Relationship - First Kiss

3.3K 278 45
                                    

Messy Relationship - First Kiss

Chanyeol's pov;

မျက်စိမှိတ်ထားတာတောင် စူးရှနေတဲ့နေရောင်ကြောင့် နေကွယ်လိုကွယ်ငြား လူကိုတစ်ဖက်လှည့်လိုက်တယ် ။
ဒါပေမယ့် လှည့်လို့မရဘူး ။ ဘာလို့လဲဆို ကျတော့်လက်မောင်းပေါ်က လေးလံတဲ့အရာတစ်ခုကြောင့်မို့လို့ ... ။
ဘာပါလိမ့် ?
ကျနော်သိချင်စိတ်ကြောင့် စေ့ပိတ်ထားတဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကျနော်လက်မောင်းပေါ်မှာ Baekhyun !
ကျနော့်လက်မောင်းကိုအကျအနခေါင်းဦးပြီး ကျနော့်ရင်ခွင်ထဲတိုးဝင်အိပ်နေတဲ့ Baekhyun...!
သူ ဘယ်လိုလုပ်ပြီး ကျနော့်ကုတင်ပေါ်ရောက်နေတာလဲ?
နောက်ပြီး ဒီလိုအခြေအနေမျိုးကြီးနဲ့ ... ။

ကျနော် မနေ့ကအကြောင်းပြန်စဉ်းစားမိတော့ ...
Lay Club မှာသောက်ပြီး အိမ်ပြန်လာတယ် ။ အိမ်ပြန်ရောက်တဲ့အထိ အသိကတော့ရှိနေတုန်းပါပဲ ။ တစ်ယောက်ယောက်က ကျနော့်ကို အခန်းထဲတွဲပြီး လိုက်ပို့တာအထိ သိနေသေးတယ် ။ အဲ့ဒါဆို ကျနော့်ကို အခန်းထဲတွဲပြီးပို့တာက Baekhyunလား?
ထားလိုက် ... ဒီအထိကလက်ခံတယ် ။
ဒါပေမယ့် အခန်းထဲထိလိုက်ပို့တယ်ဆိုလဲ ဘာလို့ ဒီလိုအခြေအနေကြီးလဲ ?
ကျနော် အတွေးတွေနဲ့ခေါင်းပူလာလို့ ခေါင်းကိုအသာခါယမ်းမိတော့ ရင်ခွင်ထဲကအသေးလေးက အနည်းငယ်လူးလွန့်လာပြီး ကျနော့်ရင်ခွင်ထဲကိုပိုတိုးဝင်လာတယ် ...

အဲ .. ကျနော် သူ့ကိုအသေးလေးလို့ခေါ်လိုက်မိတာလား ... အင်း ... Baekhyunဆိုတဲ့ သူက အသေးလေးဟုတ်တာပဲလေ ။ ကျနော်နဲ့ယှဉ်ရင် သူကလူကောင်သေးသေးလေးပဲကို ...

ကျနော် အိပ်နေတဲ့ Baekhyunကို ခုမှ သေချာကြည့်မိတယ် ။ အရင်က ဒီလောက်နီးနီးကပ်ကပ်နေမှမနေခဲ့ပဲကိုး ။
အိပ်နေလို့မှိတ်ထားတဲ့ မျက်လုံးလေးတွေပေါ်က မျက်ခွံမို့မို့လေးတွေမှာ အရစ်သေးသေးလေးတစ်ခုပဲတွေ့တယ် ။ မျက်ခွံဖောင်းဖောင်းလေးကလဲ ပြောင်ပြောင်တင်းတင်းလေး ။
အဲ့ဒါကြောင့် သူ မျက်လုံးမှေးမှေးလေးဖြစ်နေတာ ။

နှာခေါင်းလုံးလုံးလေးကလဲ ပိစိလေး ... ကြည့်နေတဲ့ကျနော်တောင် ဆွဲညှစ်ပစ်ချင်လာတယ် ။
နောက် နှင်းဆီရောင်နှုတ်ခမ်းပါးပါးလေး ...
သူ့နှုတ်ခမ်းလေးကပါးပေမယ့် နှင်းဆီသွေးလိုစိုရဲလို့ ..
သူက အိပ်နေရင်းတောင် ပွတ်တွတ်ပွတ်တွတ်လုပ်နေလို့ သူ့နှုတ်ခမ်းလေးက ရှေ့ကိုချွန်ချွန်ထွက်လာသေးတယ် ။
ကျနော် အူယားလွန်းလို့ ဆွဲကိုက်ပစ်ချင်လာမိတဲ့အထိပဲ။

You've reached the end of published parts.

⏰ Last updated: Sep 06, 2018 ⏰

Add this story to your Library to get notified about new parts!

Messy Relationship ( Hiatus)Where stories live. Discover now