Messy Relationship - False

2.3K 233 27
                                    

Messy Relationship - False

Baekhyun's pov;

ကုမ္ပဏီက projectအသစ်​အတွက်​ အလုပ်​​တွေ အားလုံး​ချော​ချော​မွေ့​မွေ့နဲ့အဆင်​ပြေသွား​တော့ ကျ​နော်​​​ကျေနပ်​မိတယ်​ ။ Wu Chanyeol နဲ့လဲ အရင်​ကလိုမဟုတ်​​တော့ဘူး ။ ​တော်​​တော်​​လေးအဆင်​​ပြေ​နေပြီ ။ တစ်​ခါတစ်​​လေဆို ကုမ္ပဏီကို သူ့ကားနဲ့​တောင်​တင်​​ခေါ်သွားတဲ့အထိ သူနဲ့ကျ​နော်​ ရင်းနှီး​နေကြပြီ ။ Ommaကလဲ သူ့ကိုတကယ့်​သားအရင်းတစ်​​ယောက်​လိုဂရုစိုက်​​ပေးလို့ Ommaအ​ပေါ်လဲ သူ့အမြင်​​တွေ​ပြောင်းသွားပြီ ။

ကျ​နော်​ ​ပျော်​​နေတယ်​ ... ကိစ္စ​တွေ​တော်​​တော်​များများအဆင်​​ပြေ​နေတာထက်​ Wu Chanyeolနဲ့အဆင်​​ပြေတာက ကျ​နော့်​အတွက်​ပိုပြီး သက်​​တောင့်​သက်​သာရှိ​စေတယ်​​လေ ။

ဒီ​နေ့ ပိတ်​ရက်​မို့ ကျ​နော်​တို့အိမ်​မှာ လူစုံ​နေတယ်​ ။ ဒီရက်​ပိုင်း မနက်​​စော​စောထဖြစ်​​နေလို့ အကျင့်​ပါ​နေတဲ့မျက်​လုံးကသူ့အလိုလိုပွင့်​လာ​တော့ ကျ​နော်​အိပ်​ယာကထ ​ရေချိုး​ပြီး ​အောက်​ထပ်​ဆင်းလာ​တယ်​ ။ ​အောက်​​ရောက်​​တော့ ထမင်းစားဝိုင်းမှာ Appaနဲ့ Omma ​တောင်​​ရောက်​​နေပြီ ။ Wu Chanyeolကို​တော့မ​တွေ့ဘူး ။

" သားငယ်​​လေး​တောင်​ နိုး​နေပြီပဲ ... ပိတ်​ရက်​ကိုအိပ်​တာမဟုတ်​ဘူး "

" မျက်​လုံးက သူ့အလိုလိုပွင့်​လာတာ ommaရဲ့ .. မဟုတ်​ရင်​ ကျ​နော်​အိပ်​​နေဦးမှာ​ပေါ့ .. "

" ဒါဆိုလဲ ... သား Chanyeollieကိုသွားနှိုး​ပေးပါလား ? သား appaက လူစုံတက်​စုံ မနက်​စာမစားရတာကြာပြီမို့ စားချင်​တယ်​တဲ့​လေ .. "

" အဲ ... အဲ့ဒါက .. "

" သွားနိုးလိုက်​ပါသားရယ်​ .. ​နော်​ .. "

Ommaစကား​ကြောင့်​ ကျ​နော်​ Wu Chanyeol ကိုနိုးဖို့ အ​ပေါ်ထပ်​တက်​လာပြီး သူ့အခန်း​ရှေ့မှာရပ်​​နေမိတယ်​ ။

တံခါး​ခေါက်​ရမလား မ​ခေါက်​ရဘူး​လား ​တွေ​ဝေ​နေတုန်းမှာပဲ .. အခန်းတံခါးပွင့်​လာပြီး တံခါးဝမှာ Wu Chanyeolကို​တွေ့လိုက်​ရတယ်​ ။ ​ရေချိုးပြီးစ သူ့ပုံစံက သိပ်​ကိုရှင်းသန့်​လွန်း​နေတယ်​ ။ ​ခေါင်းကဆံပင်​​တွေကလဲ ​ရေစို​နေ​ပေမယ့်​ သိပ်​ကြည့်​​ကောင်း​နေတယ်​ ။

Messy Relationship ( Hiatus)Where stories live. Discover now