ကျွန်မ ရှေ့ကို လှမ်းကြည့်လိုက်တော့ အတွဲလေးတစ်တွဲ.... ရုတ်တရက် ကျွန်မ ခေါင်းထဲ မြင်ကွင်းတစ်ချို့ ပြန်မြင်ယောင်လာတယ်။ အဲ့နေ့ညလေးပေါ့... stage တွေ fansign တွေ မဟုတ်ဘဲ အပြင်မှာ ဒီအတိုင်း သူနဲ့ တွေ့ခဲ့တဲ့ အချိန်လေး.... ကျွန်မ အဲ့အချိန်တုန်းက ရင်ထဲမှာ ဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ဘယ်သူမှ မသိပါဘူး... လေးနှစ်တာလုံး သူ့ကို မေ့ဖို့ ကြိုးစားခဲ့ပြီးမှ သူနဲ့ ပြန်တွေ့ရတဲ့ ခံစားချက်.... (A Miracle ရဲ့ Part 16 တုန်းကပါ)
အခုလည်း ကျွန်မ သူ့ကို မေ့ဖို့ကြိုးစားနေပြန်တာ တစ်လ ရှိပြီလေ.... အချစ်ကို မာနနဲ့ အနိုင်ယူခဲ့တဲ့ ကျွန်မက အခုတော့ သိမ်ငယ်စွာနဲ့ အဲ့နေ့ညတုန်းက အချိန်လေးကို ပြန်တောင့်တနေမိတယ်လေ.... အဲ့တုန်းကလိုမျိုး သူ ကျွန်မကို အခု ဒီပန်းခြံလေးမှာ လာတွေ့မယ်ဆိုရင် ကောင်းမှာပဲလို့ တောင့်တမိတယ်... သူနဲ့သာ အခုအချိန်မှာ ပြန်တွေ့ရမယ်ဆိုရင် ကျွန်မ သူ့ကို ထပ်ပြီး လက်လွှတ်နိုင်မှာ မဟုတ်တော့ဘူး... သူနဲ့ လမ်းခွဲမိတာကို ကျွန်မ အရမ်းနောင်တာရမိတယ်... အခု ကျွန်မ အရမ်းခံစားရတယ်... ရင်ထဲမှာ ဆို့နစ်နေအောင် ခံစားရတယ် သူ့ကို လွမ်းလွန်းလို့... ရူးမတတ်ပဲ... ကျွန်မ ကိုယ်တိုင်က ထိန်းမထားနိုင်တဲ့ မျက်ရည်တွေလည်း အလိုလို စီးကျလာတယ်။ ကျွန်မ ဘာလုပ်သင့်လဲ? အခုချက်ချင်း သူ့ဆီ ပြေးသွားရမလား? ပြေးသွားချင်မိတယ်... ဒါပေမယ့် သူနဲ့ တွေ့ပြီးရင် ကျွန်မ ဘယ်လိုမှ ပြန်ခွဲချင်မှာ မဟုတ်ဘူး။ အခုလို အချိန်မှာ သူ့မျက်နှာကို မြင်ပြီး မခွဲချင်လည်း ခွဲရမယ့်အလုပ်ကို ကျွန်မ မလုပ်ချင်တော့ဘူး... ကျွန်မ ဘာဖြစ်လို့ အဲ့လောက် နာကျင်အောင် ခံစားနေရတာလဲ? သူသိရဲ့လား? ကျွန်မ သူ့ကို လွမ်းနေသလို သူရော ကျွန်မကို လွမ်းနေသေးလား?
ကျွန်မဆီက ထွက်လာတဲ့ ရှိုက်သံတွေကြောင့် ပန်းခြံမှာ ဖြတ်သွားတဲ့ လူတွေက ကျွန်မကို ကြည့်နေကြတယ်လေ... ဒါပေမယ့် ကျွန်မ ဂရုမစိုက်နိုင်ခဲ့ဘူး.... အခု အချိန်မှာ မာနတွေ အရှက်တွေထက် ကျွန်မ ရင်ထဲမှာ ခံစားနေရတာက ပိုပြီး ကြီးမားနေတယ်...
![](https://img.wattpad.com/cover/84188326-288-k219569.jpg)
Part 10
Start from the beginning