Part-43

22.9K 1.4K 195
                                    

Zawgyi..

Chanyeolရေချိုးပြီး ထွက်လာတော့ ဘတ်ခေးတို့က ကုတင်ပေါ် ခြေဆင်းထိုင်နေလေရဲ့..

Yeolအပေါ်ပိုင်း ဗလာကျင်းနဲ့ ထွက်လာတာကို byun baekတို့မြင်သားပဲ..

မမြင်ချင်ယောင်ဆောင်ပြီး နှုတ်ခမ်းကိုမဲ့ တမင်တကာ ဟွန့်ကနဲ အသံပါ အဆစ်ထည့်ပေးလိုက်ရင်း တဖက်ကို မျက်နှာလွှဲပစ်လိုက်တယ်...

Chanyeollieလည်းသိသားပဲ..ဒီကောင်လေး သူ့ကို ကောက်နေပြီဆိုတာ..။ခွိကနဲ တချက်ရယ်လိုက်ပြီး ချောင်းတချက်ပါဟန်ဆောင်ပန်ဆောင် ဆိုးလိုက်ကာ မှန်တင်ခုံပေါ်က sprayကို တကိုယ်လုံးနှံ့အောင် တရွှီးရွှီး ဖြန်းပစ်လိုက်တယ်

တကယ်တော့ Chanyeol ဟိုကလေးဆီက attentionယူတာပါ..။တခန်းလုံး မွှန်ထူသွားပေမယ့် အကြည့်စူးစူးလေးက yeolဆီရောက်မလာသေး...

နောက်ဆုံးတော့လည်း မနေနိုင်တဲ့ သူကပဲ ချော့တော်မူရမှာပေါ့..

Yeolကုတင်ဆီသွားဖို့အလုပ်...

"Knock..Knock..Knock.."

အခန်းတံခါးခေါက်သံကြောင့်

ae/လို့ ပြန်ဖြေလိုက်တော့ ဝင်လာတာက အိမ်အကူကောင်မလေးတယောက်..၊လက်ထဲမှာလည်း ဆေးဗန်းလေးနဲ့...

အခန်းအလည်မှာ ရပ်နေတဲ့ သူ့ကို ထိုကောင်မလေးကကြည့်ပြီး...

"ဟို..ဟို..သ..သခင်လေး baekကို ဆေး..ဆေးလာတိုက်တာပါ.."

Chanyeolလက်ပိုက်ရက်သားနဲ့ ခေါင်း၃ချက်လောက် ငြိမ့်ပြမိလိုက်တယ်...။

\\ဒါနဲ ဒီကောင်မလေး ဘာကိစ္စနဲ့ စကားတွေထစ်နေတာလဲ?? အလကားနေရင်းနဲ့//့

ရှေ့ကနေ ခေါင်းငုံ့လျှောက်သွားပြီး ကုတင်ပေါ်က ကောင်ဆိုးလေးဆီ ဆေးဗန်းလေးသွားပေးတဲ့ အနှီကောင်မလေးနောက်ကနေ chanyeolကပ်လိုက်လာမိတယ်...။ဟိုကောင်ဆိုးလေးက ဆေးသောက်ရမှာကို သေလောက်အောင် မုန်းပါတယ်တဲ့လေ..အဲ့ဒါကြောင့် လိုအပ်ရင် ချော့တိုက်ရအောင်လို့..

သူ့နား လာရပ်တဲ့ အရိပ်နှစ်ရိပ်ကြောင့် ကောင်ချောလေးက မော့ကြည့်လာတယ်...

လူကို ကြည့်ပြီး မျက်နှာရှုံ့ပြလာတာနဲ့ yeolလည်း အစွမ်းကုန် ဖြီးပြလိုက်ရတယ်...

Calm Down My Bad Boy(chanbaek/baekyeol yaoi)..Completed {Zawgyi+Unicode}Where stories live. Discover now