စတင်ခြင်း : စည်းကမ်းကြီးတဲ့ဘုရင်​လေးနဲ့ န​မော်နမဲ့ အား​ဖေး

4.1K 252 22
                                    


"ကျွီ...."

ထည်ဝါစွာထွက်ပေါ်လာတဲ့မြို့တံခါးဖွင့်သံရဲ့အဆုံးမှာ ပွင့်သွားတဲ့တခါးနဲ့အတူ နောက်ကွယ်ကခန့်ညားလှတဲ့မြင်းပေါ်ကသူ..

သွေးများစွန်းပေနေသောစစ်ဝတ်တန်ဆာနဲ့လိုက်ဖက်စွာ.....

သန်မာပြီးအနက်ရောင်နက်မှောင်နေတဲ့မြင်းကြီးပေါ်မှာ သူ၏မျက်နှာ၌လည်းပြတ်သားမှု ရဲရင့်မှု ယုံကြည်မှု များတစ်စတစ်စမြင်တွေ့နေရတယ်......

သူဟာ လာမယ့်အနာဂတ်မှာ ဂျိုဆွန်းရဲ့အရှင်သခင်ဖြစ်လာမယ့်အိမ်ရှေ့စံ ချန်း​ညောလ်....

ချန်း​ညောလ်ဟာ လက်ရုံးရည်သာမက စိတ်ဓာတ်ရေးရာမှာလည်းတည်ကြည်ပြတ်သားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက သူ့ကိုအားထားကြတယ်.....

သူဟာ ချစ်စရာနားရွက်ကားကားလေးတွေနဲ့ မလိုက်ဖက်အောင်ပင်တည်ကြည်တဲ့ရုပ်ရည်ရှိတယ်....ဒါဟာမင်းကောင်းမင်းမြတ်တစ်ယောက်ရဲ့လက္ခဏာတွေပေါ့......

မကြာသေးခင်ကမှ စစ်မြေပြင်မှာ အနိုင်ပွဲဆင်နွှဲပြီး ပြန်လာတဲ့အိမ်​ရှေ့စံဟာ စစ်မြေပြင်ကသတင်းကောင်းတွေကိုခမည်းတော်အားပြန်လျှောက်တင်ရန် ခမည်း​တော်ရဲ့နန်းဆောင်ဆီတိုက်ရိုက်လာခဲ့တယ်......

ကံတရားကပဲ ရက်စက်လွန်းလေသလား ချန်း​ညောလ်ရောက်သွားတဲ့အချိန်ဟာ သူ့ခမည်းတော်အတွက်နောက်ဆုံးအချိန်ပဲဖြစ်တယ်.....

စစ်ပွဲသတင်းကိုပြောပြအပြီးမှာ မင်းကြီးကနှစ်သက်စွာပြုံးတယ်....
ပြီးတဲ့နောက်မှာ မှာစရာရှိတာမှာပြီး ဂျိုဆွန်းပြည်ကြီးကိုသူ့လက်ထဲ စိတ်ချလက်ချအပ်နှံခဲ့လေတယ်......

"ခမည်းတော်ရဲ့ဈာပန ပြီးတာနဲ့ နန်းတက်ပွဲအတွက်ပြင်ဆင်ပါ....."

ဖခင်တစ်ယောက်လုံးဆုံးရှုံးလိုက်ရတာတောင် အေးဆေးစွာနဲ့ လုပ်စရာရှိတာတွေကိုလုပ်ပြီး ကျောခိုင်းထွက်သွားတဲ့အိမ်ရှေ့စံကိုအထိန်းတော်များကြည့်သောမျက်လုံးတွေထဲတွင်မုန်းတီးခြင်းကဲ့ရဲ့ခြင်းအလျှင်းမပါ......

လိပ်ပြာတစ်​ကောင်ရဲ့လင်္ကာ | လိပျပွာတဈကောငျရဲ့လငျ်ကာWhere stories live. Discover now