"​မေ​မေပါ လိုက်​သွားတာလား?"

"အင်း ဟုတ်​တယ်​။ အ​ရေးကြီးတဲ့ပွဲလို့​တော့ ​ပြောတယ်​။ ပြီး​တော့ unnie ပါ မ​နေ့​လောက်​က ပြန်​​ရောက်​ရင်​ ​ကောင်းမှာတဲ့။ အဲ့တာဆိုရင်​ unnie ကိုပါ ​ခေါ်သွားလို့ရမှာလို့လဲ ​ပြောတယ်​။ (YT's pov : ကျွန်​မကို ​ခေါ်သွားမယ်​? ​ဖေ​ဖေ့ သူငယ်​ချင်း​ ​မွေး​နေ့ပွဲကို ကျွန်​မကို ဘာဖြစ်​လို့ ​ခေါ်သွားရမှာလဲ?)

"ဟုတ်​လား အဲ့တာ ဘယ်​​တော့မှ ပြန်​လာမလဲ ​မ​ပြောသွားဘူးလား?"

"ဟင့်​အင်း မ​ပြောသွားဘူး။"

"ထားပါ ဒါနဲ့ နင်​က ဘာလို့ ဒီလို ပုံစံ ဖြစ်​​နေရတာတုန်း? နားကြပ်​နဲ့ ဖုန်းနဲ့ စာမလုပ်​ဘဲနဲ့။ ​နေပါဦး။ နင်​ အခု ဘယ်​နှတန်းလဲ?" Yeontae က သူ့ ညီမ ဘယ်​နှတန်း ​ရောက်​ပြီလဲဆိုတာကို တွက်​မလို့ လက်​​ချောင်း​တွေ ချိုး​နေယုံပဲ ရှိ​သေးတယ်​ ညီမက လက်​ကို လှမ်းဆွဲလိုက်​ပြီး "ကိုယ့်​ညီမ ဘယ်​နှတန်းလဲ​တောင်​ မသိဘူးလား!" ဆိုပြီး ​အော်​လိုက်​ပါတယ်​​လေ။ ညီအစ်​မနှစ်​​ယောက်​ ဇာတ်​လမ်းက​တော့ စပြီ။

"ဟဲ့ ငါ့မှာ ဒီ​လောက်​ အလုပ်​​တွေ ရှုပ်​​နေတာ ဘယ်​လိုလုပ်​ မှတ်​မိမှာလဲ!?"

"ဒီမှာ မသိရင်​ မှတ်​ထား unnie ညီမ အခု ​ကျောင်းပြီးသွားပြီ။ တက္ကသိုလ်​ တက်​​တော့မှာ!"

"ဟင်​ နင်​ဘယ်​တုန်းက 10 တန်း ​ဖြေလိုက်​တာ-" Yeontae မျက်​လုံးပြူးပြူးနဲ့ အလန့်​တကြား ​မေး​နေတုန်း umma နဲ့ appa က ပြန်​​ရောက်​လာပါတယ်​​လေ။

"ဟယ်​ သမီး ပြန်​​ရောက်​ပြီလား?" ​umma နဲ့ appa က Yeontae ကို တစ်​လှည့်​စီ ဖက်​လျက်​...

"​ဖေ​ဖေ့ သူငယ်​ချင်းရဲ့ ​မွေး​နေ့ပွဲကို သွားတာဆို?" Yeontae မျက်​နှာ စူပုပ်​ပုပ်​​လေးနဲ့ ​မေးလိုက်​တယ်​။

"အင်း ဟုတ်​တယ်​​လေ။ အဲ့ သူငယ်​ချင်းက ​ဖေ​ဖေနဲ့ အရမ်းခင်​ပြီး ရင်းနှီးတာ မသွားရင်​ မ​ကောင်းလို့ပါ သမီးရယ်​။ အဲ့တာမို့​ကြောင့်​ သမီးကို လာမကြို ဖြစ်​တာပါ။"

"ဟုတ်​တယ်​ သမီးရဲ့... အဲ့ သူငယ်​ချင်းဆိုတဲ့ တစ်​​ယောက်​ကလည်း​လေ သမီးကိုပါ အတင်း ​ခေါ်လာခဲ့ခိုင်းတာ ပြန်​မ​ရောက်​​သေးဘူးဆိုလို့သာ သူ့မှာ လက်​​လျှော့သွားရရှာတယ်​။" umma ကပါ ဝင်​​ပြော​နေတယ်​​လေ။

OUR MEMORIESWhere stories live. Discover now