အိမ်​ပြန်​​ရောက်​တာနဲ့ Yeontae က sofa ​ပေါ် အားမရှိသလို လှဲချလိုက်​​တော့တယ်​လေ။

SR : ဟဲ့ ဘာဖြစ်​လို့လဲ?

YT : ငါ ​ကြောက်​တယ်​....

SR : ဘာကို ​ကြောက်​တာလဲ နင်​ကလည်း အစမရှိ အဆုံးမရှိ။

YT : (လှဲ​နေရာက​နေ ထထိုင်​ပြီး) နင်​သိလား Jungkook oppa က ငါ့ကို ​နောက်​လကျရင်​ busan လိုက်​ခဲ့ပါလားတဲ့...

SR : အဲ့တာက ​ကြောက်​စရာလားဟယ်​။ ​ပျော်​​တောင်​​ပျော်​ရမယ့်​ ကိစ္စ.... သူ့မိဘ​တွေနဲ့လည်း နင်​​တွေ့ရ​တော့မှာ​ပေါ့...

YT : ဒါ​ပေမယ့်​ ငါ သူ့မိဘ​တွေနဲ့ ​တွေ့ဖို့ အဆင်​သင့်​မဖြစ်​​သေးဘူး....

SR : (သက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး) ​အေ​ပေါ့​လေ... အချင်းချင်းသာ ​မေတ္တာမျှကြတာ... သူ့မိဘ​တွေက လက်​ခံမခံဆိုတာက​တော့ စဉ်းစားစရာပဲ...

YT : ငါလည်း အဲ့တာကို ​ကြောက်​တာ​လေ... ငါက ကိုရီးယား လူမျိုးလည်း မဟုတ်​ဘူး။ ပြီး​တော့ ငါတို့ တကယ်​တွဲ​နေဖြစ်​ခဲ့တာကလည်း တစ်​နှစ်​​ကျော်​ပဲ ရှိ​သေးတယ်​။ ​ပြောရရင်​ တစ်​နှစ်​​ကျော်​​လောက်​က သူ့မိဘ​တွေအ​နေနဲ့ ကြည့်​ရင်​ သိပ်​မကြာ​သေးသ​လောက်​ပဲ ရှိမှာ...

Yeontae တစ်​​ယောက်​ ရင်​ထဲမှာ အရမ်း​ကြောက်​​နေခဲ့တယ်​။ Jungkook oppa ကို သူ အရမ်းချစ်​​ပေမယ့်​လည်း သူ့မိဘ​တွေက သူ့ကို အသိအမှတ်​မပြုရင်​ သူဘယ်​လို​နေရမလဲ? Jungkook ကလည်း သူ့အ​ပေါ်မှာ တကယ့်​ စိတ်​ရင်း အချစ်​စစ်​နဲ့ ချစ်​တယ်​ဆိုတာကို သူ ​ကောင်း​ကောင်းကြီး သိပါတယ်​။ သူ လွန်​ခဲ့တဲ့ ငါးနှစ်​တုန်းက အိပ်​မက်​စိတ်​ကူးခဲ့တာ​တွေက မှားများမှားခဲ့ပြီလား? တကယ်​တမ်း လက်​​တွေ့​လောကမှာ ဖြစ်​ပျက်​​နေတာ​တွေက စိတ်​ကူးထဲက​လောက်​ လွယ်​ကူတာမှ မဟုတ်​တာ​လေ...

"Yeontaeah... ဟဲ့ Yeontae" Soorim တစ်​​ယောက်​ သူ့ပခုံးကို လှုပ်​ရမ်းလိုက်​​တော့မှ သူပြန်သတိဝင်​လာ​တော့တယ်​။

"နင်​ အဲ့​လောက်​လည်း စိတ်​ပူမ​နေပါနဲ့ဟယ်​။ သူ့မိဘ​တွေက ငါတို့​တွေ ထင်​သလို ဟုတ်​ချင်​မှ ဟုတ်​မှာပါ။ အ​ကောင်းဆုံးကိုပဲ ​မျှော်​လင့်​ထားကြတာ​ပေါ့။" Soorim လည်း အား​ပေးစကား ​ပြော​ပေးရုံကလွဲပြီး ဘာမှ မတတ်​နိုင်​။

Jungkook's pov

Yeontae တို့ ပြန်​သွား​တော့ ကျွန်​​တော်​ ​ရေမိုးချိုးလိုက်​တယ်​​လေ။ ​ရေချိုး​နေတုန်း ကျွန်​​တော်​ ​နောက်​လ သူ့ကို ကျွန်​​တော့်​ မိဘ​တွေနဲ့ ​ပေး​တွေ့​ပေးဖို့ကို တစ်​စိမ့်​စိမ့်​​တွေးပြီး ​ပျော်​​နေမိတယ်​။ Umma နဲ့ appa ကို အရင်​က သူ့အ​ကြောင်း​တော့ ​ပြောဖူးပါတယ်​။ သူ့ကို မြင်​ရင်​လည်း သ​ဘောကျကြလိမ့်​မယ်​လို့လည်း ကျွန်​​တော်​ ယုံကြည်​တယ်​။

ကျွန်​​တော်​ ​ရေချိုးပြီး​တော့ Jin hyung က အခန်းထဲ ဝင်​လာတယ်​။ Namjoom hyung က​တော့ အခန်းထဲမှာ မရှိဘူး။ (A/N : roommate ​တွေက အရင်​ fic ထဲကလိုပဲ တကယ် အပြင်က အမှန်အတိုင် ထားထားတုန်းပါ Namjoon နဲ့ Jungkook က တစ်ခန်ပေါ့နော်​)

"Jungkookah မင်း မျက်​နှာက ခုန Yeontae တို့ ပြန်​သွားကတည်းက ပြုံးစိပြုံးစိနဲ့ ဘာ​ဖြစ်​​နေတာလဲ?"

"Hyung ကျွန်​​တော်​တို့ ​နောက်​လကျရင်​ နားရက်​ရမှာမလား?"

"အင်း ဟုတ်​တယ်​​လေ။ wae?"

"အဲ့တာ ကျွန်​​တော်​ Yeontae ကို ကျွန်​​တော့်​ မိဘ​တွေနဲ့ မိတ်​ဆက်​​ပေးမလို့ စဉ်းစားထားတာ..."

"မင်း မိဘ​တွေနဲ့?" Jin တစ်​​ယောက်​ တအံ့တသြနဲ့ ရုတ်​တရက်​ ​မေးလိုက်​တယ်​။

"အင်း ဟုတ်​တယ်​​လေ။ waeyo hyung?"

"​အော်​... ဘာမှ မဟုတ်​ပါဘူး။ အဲ ဒါ​ပေမယ့်​ မ​စောလွန်း​သေးဘူးလား?"

"Yeontae လည်း ကျွန်​​တော့်​ကို အဲ့လိုပဲ ​မေးတယ်​။ ကျွန်​​တော့်​အ​နေနဲ့​တော့ မ​စောဘူးလို့ ထင်​တာပဲ..."

"အင်း​ပေါ့ မင်း သ​ဘော​လေ။ ဒါ​ပေမယ့်​ ငါ့ အမြင်​​တော့ Yeontae အတွက်​ နည်းနည်း အချိန်​ယူရဦးမယ်​လို့ ထင်​တယ်​။ သူက မိန်းက​လေးဆို​တော့ သိပ်​အဆင်​သင့်​ဖြစ်​ဦးမယ်​ မထင်​ဘူး။"

Jin စကားအဆုံးမှာ Jungkook ရုတ်​တရက်​ ငိုင်​သွားတယ်​။ တကယ်​ပဲ အရမ်း​လောသလိုများ ဖြစ်​​နေတာလား? 

"Nae hyung ကျွန်​​တော်​ ​ပြန်​စဉ်းစားကြည့်​ပါ့မယ်​။"

To be continued~~~

နောက်​​နေ့ကျရင်ဆက်တင်​​ပေးပါ့မယ်​ XD

Thanks for reading^^

*90° bow

OUR MEMORIESWhere stories live. Discover now