သူသာ မိုးကောင်းကင်ကြီးဆို ..
ကျွန်မက အဲ့ဒီ မိုးကောင်းကင်ပေါ်မှာ နေထိုင်တဲ့ ဖြူလွှလွှ တိမ်တိုက်ကလေး ...သူသာ မြစ်ပြင်ကျယ်ကြီးဆို ..
ကျွန်မက အဲ့ဒီ မြစ်ပြင်ပေါ်ကို အဝေးတစ်နေရာကနေ သက်ရောက် ကြွေဆင်းလာမယ့် ဝါရင့်ရင့် ရော်ရွက်ကလေး ...သူသာ ကြယ်ပွင့်ကလေးဆို ..
ကျွန်မက သူ့ရဲ့ အလင်းရောင် အပိုင်းအစငယ်လေး ...တူညီတဲ့ ကမ္ဘာ ..
တူညီတဲ့ မိုးသားအစိုင်အခဲတစ်ခုက ..
အဆုံးအစမဲ့တဲ့ ရောင်စုံအိပ်မက်တွေ ... ။နှုတ်ခမ်းနှစ်လွှာကို နာကျည်းစွာ ဖွင့်ဟလို့ ဟစ်ကြွေးခဲ့တဲ့ သူ့ နာမည်တစ်လုံးဟာ
ပိတ်လှောင်ထားဆဲ လေထုရဲ့ အကျည်းသားတစ်ဦး ဖြစ်နေပေမယ့်လို့ ...သူ့နားတစ်စုံနဲ့ဆက်ဆက် ကြားယောင်နိုင်စွမ်း မရှိလည်း ခေါ်ဆိုခွင့် ရတာကိုပဲ အယောင်ယောင်အမှားမှား ကျေးဇူးတင်နေရဦးမလား ? ...
လောကကြီးက ဘက်မလိုက်တတ်ပါဘူး တဲ့ ..
တစ်ချို့တွေက ဆိုတယ် ...အဲ့ဒီ စကားကို ကြားတော့
သရော်ပြုံးတစ်ခုက နှုတ်ခမ်းပေါ်မှာ အခန့်သား လာရောက် တက်ထိုင်လေရဲ့ ... ။အချစ်ကို ပေးအပ်နေတဲ့ လူနဲ့ ...
အချစ်ကို လက်ခံရရှိတဲ့ လူ ... ဆိုပြီး လူ နှစ်မျိုးနှစ်စား အနက်မှာမှ ..
နှစ်ပေါင်းများစွာ တိုင်အောင် ကျွန်မကို ပထမ အမျိုးအစားထဲ စာနာခြင်း ကင်းမဲ့စွာ အတင်းအကြပ် အကျဉ်းချ သိမ်းဆည်းထားတဲ့ လောကကြီးဟာ ဘက်မလိုက်တတ်ပါဘူး တဲ့လား ? ...
ကျွန်မရဲ့ ရှိုက်တငင်ငင် ငိုကြွေးသံတွေကို ပျက်ရယ်ပြု လှောင်ပြောင်လို့ ..
အချို့အချို့သော သူတွေ နာကျင်နေချိန်မျိုးမှာတော့ အချိန်မှီ သွားရောက် ထွေးပွေ့တတ်တဲ့ လောကကြီးဟာ .. ဘယ့်နှယ့် ..
ဘက်မလိုက်တတ်ပါဘူး တဲ့လား ? ...အချစ်ကြောင့် ပျော်ရွှင်နေရတဲ့ လူသားတွေဆိုတာ လမ်းပေါ်မှာ သွားရှာရင်တောင် မရေမတွက်နိုင်အောင် အစီအရီ ရှိနေကြသေးတာ ..
ဒါတွေကို မမြင်ရအောင်လည်း ကျွန်မက မျက်ကန်းတစ်ယောက် ဟုတ်မှ မဟုတ်ပဲ .. ။
YOU ARE READING
A Familiar Stranger
Non-Fictionမြင်တွေ့ခွင့်တော့ ရှိပြီး .. မနီးစပ်နိုင်တဲ့ အဲ့ဒီ ကြယ်ပွင့်တွေလို ... သူဟာလည်း ကျွန်မအတွက် အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ...