03. Dear Stranger

16.3K 1.1K 33
                                    

အမှန်တရားတိုင်း အသိအမှတ်ပြု ခံရတယ် ထင်သလား ?

မဟုတ်ဘူး ..
ဘယ်လောက် ရှင်းပြပြ ယုံကြည် မခံရတဲ့ အမှန်တရားပေါင်း မြောက်မြားစွာ ရှိတယ် .. ။

စကားလုံးတွေနဲ့ ပုံဖော်ပြလို့ မရတဲ့ " အချစ် "

အဲ့လိုပဲ တစ်ချို့သော အမှန်တရားတွေမှာ အမှန်တရားမှန်း သိသာစေနိုင်မဲ့ သက်သေ အထောက်အထား တစ်စုံတစ်ရာရယ်လို့ မရှိဘူး ..

စွန့်ပယ်ခံထားရတဲ့ အဲ့ဒီ အမှန်တရားတွေကို ဘယ်သူကမှ အရေးမစိုက်ဘူးပဲ ထား ..
တစ်နေရာမှာတော့ အဲ့ဒီ အမှန်တရားတွေကို အမှန်တရားမှန်း သိမြင်နိုင်တဲ့ (ကိုယ်နဲ့ ထပ်တူကျတဲ့) အဲ့လို နှလုံးသားတစ်စုံ ရှိကောင်း ရှိနေတတ်တယ် ..

အဲ့ဒီ နှလုံးသားကို အမှတ်တမဲ့ ရှာတွေ့သွားတဲ့အခါ လူတွေက ဒီလို ပြောတယ် ..

" ဝါသနာတူချင်း ဆုံစည်းကြတယ် " တဲ့ ..

ဟုတ်တယ် ..

ကျွန်​​မမှာ ဝါသနာတူ သူငယ်ချင်းများစွာ ရှိတယ် ... ။

ဝါသနာတူအချင်းချင်းပဲ နားလည်နိုင်တဲ့ အမှန်တရား တစ်စုံတစ်ရာကို အခြားသူတစ်ချို့ဆီ ရှင်းပြဖို့ ကျွန်​​မ ဘယ်တုန်းကမှ အားမထုတ်ခဲ့ဖူးဘူး ..

ရှင်းပြလေလေ ဖြူစင်သန့်ရှင်းတဲ့ အဲ့ဒီ အမှန်တရားတွေ ညစ်ပေသွားလေလေ ဖြစ်မှာကို စိုးရွံ့ခဲ့လို့ပဲ .. ။

အနီးနားမှာ ရှိနေတဲ့လူတွေပဲ ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်တာမှ မဟုတ်တာ ..

တစ်ခါတစ်ရံ မိုင်ပေါင်း ထောင်ချီဝေးနေတဲ့ လူတွေဟာ အနီးက လူတွေထက်တောင် ပိုလို့ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တယ် မဟုတ်လား ..

တစ်ချို့တစ်ချို့တွေက ပြောကြတယ် ..

" သင်္ဘောဆိပ် သွားပြီး လေယာဉ်ပျံကို စောင့်မနေနဲ့ " တဲ့ .. ။

ဒါပေမယ့် သိနိုင်မလား ?

မတတ်သာတဲ့ အခြေအနေ တစ်ခုကြောင့် လေယာဉ်ပျံကြီးက သင်္ဘောဆိပ်မှာ ခဏ လာရပ်နားခဲ့ရမယ် ဆိုရင်ရော ?

အနက်ရောင် မိုးသားပြင်ထက် အဖြူရောင် ကြယ်ပွင့်ကလေးတွေ တလက်လက် အစီအရီ ပေါ်ထွက်လာကြတာ မြင်ရင် တစ်စုံတစ်ဦးရဲ့ ရယ်သံတွေကို အလိုလို လွမ်းဆွတ်လာတတ်တယ် ..
ကြားခံပစ္စည်းတစ်ခု အကူအညီ မပါဘဲ လက်တွေ့မှာ တစ်ကြိမ်တစ်ခါမှ နားမထောင်ခဲ့ဖူးတဲ့ ရယ်သံတွေ ဖြစ်နေပေမယ့်လို့ပေါ့ .. ။

A Familiar StrangerWhere stories live. Discover now