✂ 2✂

950 146 16
                                    

Part1ကနေ ပြန်ဖတ်ပေးမလားဟင်..
မဖတ်ဖြစ်တာကြာတော့ အချိတ်အဆက်
မမိမှာစိုးလို့ပါ ... ^^

.......................................

မနက်ခင်းရဲ့ အစ ....
အမြင်လွှာကို စတင်အလုပ်လုပ်ချိန် သူအရင်ဆုံး မြင်လိုက်ရသည်က .....
ကွေးညွှတ်လှပလွန်းသည့် နှုတ်ခမ်းတစ်စုံ...
ထိုနှုတ်ခမ်းတစ်စုံ၏ အနားသတ်ထောင့်စွန်းတွေကော့တက်သွားတိုင်း ဘယ်ဘက်ရင်အုံမှ နာကျင်ရသည်..

ဘာကြောင့်လဲ သူမသိသလို သိဖို့လည်း မကြိုးစားမိချေ။

"နိုးပြီလား .... ဟင် "

"မုန်ုးလိုက်တာ "

တစ်ဖက်လှည့်ပြီး ပါးစပ်လှုပ်ရုံ ပြောလိုက်သော်ငြား .... ကျွန်တော် မျက်တောင်ဘယ်နှစ်ချက်ခတ်လဲတောင်
သိသည့် သူကတော့ ကြားဖြစ်အောင်ကြားလိုက်သေးသည် ...

"ဟင် .... ဘာအလိုမကျလို့လဲ....ကိုယ့်ကို
ပြောလေ....ကိုယ် ဘာမှမလုပ်မိသေးသလိုပဲ"

ဒီကောင်ဟာလေ.....

မျက်မှောင်ကျုတ်ပြီး လှည့်ကြည့်လိုက်တော့
ခုထိ ပြန်မကျလာသေးတဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို တွေ့ရပြန်သည်..

"Kim Jong Dae "

သူ နှုတ်ဖျားက ထွက်သမျှ ဖြည့်ဆည်းပေးမည်
ဟူသော မျက်ဝန်းများနှင့်ကြည့်လာကာ
ပြုံးနေဆဲပင်။

"မပြုံးစမ်းနဲ့ "

"ဟင် ...ဘာကို "

"နားမကြားဘူးလား... မင်းနှုတ်ခမ်းတွေ ကွေးတက်လာတာကို မကြိုက်ဘူး....
မင်းအပြုံးတွေကို အရမ်းမုန်းတယ်....
နောက်ကို ငါ့ရှေ့မှာ မပြုံးနဲ့ "

ထိုနှုတ်ခမ်းစွန်းတွေ ပြန်ကျလာချိန်တွင်လည်း
ဘယ်ဘက်ရင်အုံမှ မကျေနပ်နိုင်သေးပေ..

ဘာလို့ မင်းအပြုံးတွေ လှနေရတာလဲ
ငါကရော ဘာလို့ အဲ့အပြုံးတွေကို မြင်တိုင်း
ငါဟာ ငါနဲ့မတူတော့သလို ခံစားနေရတာလဲ..
မင်းကိုမုန်းတယ် Kim Jong Dae
ငါ့ကိုယ်ငါလည်း မုန်းတယ်

"အင်းပါ... မင်းသဘောအတိုင်း ဖြစ်စေရပါမယ်..."

"Kim Jong Dae မင်းမှာ မာနမရှိဘူးလား
ယောကျာ်းလုပ်နေပြီးတော့ ..."

You've reached the end of published parts.

⏰ Last updated: Sep 02, 2016 ⏰

Add this story to your Library to get notified about new parts!

★ Amytal Sodium ★ Where stories live. Discover now