Epi 20

1.6K 153 32
                                    

Start >> >> >> >>

Namjoon'side ~

ဟန်ဆောင်ထားဆဲ ဘာမှမဖြစ်သလိုမျိုး
သူမရဲ့မျက်ရည်တွေ ~ သူမရဲ့စကားလုံးတွေ ~ သူမရဲ့မျက်ဝန်းတွေကြား ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် ယိုင်မသွားအောင် အခုကျွန်တော်က အညတရလူတယောက် ဖြစ်နေပြီ သူမကိုဘေးမှာ ထားပြီးဒုက္ခတွေကြား မနေခိုင်းစေချင်ဘူး ချာတိတ်ရယ် ဒါကအကောင်းဆုံးပါ ...

သူမကျွန်တော့်ပါးကို ရိုက်တယ်?? ကျေနပ်ပါတယ် သူမ မကျေမနပ်ချင်း ကျွန်တော့်ပါး၂ဖက်လုံး ရိုက်နိုင်တယ် " miyannae " ဆိုတဲ့စကားကလွဲ ကျွန်တော်ဘာပြော ထွက်ဦးမှာလဲ... သူမစိတ်တည်ငြိမ် သွားအောင်တယောက်တည်း ထားခဲ့လိုက်တယ် ချာတိတ်ရယ် မင်းငိုနေတာ မြင်ရင် ကိုလည်း ရင်ကွဲမတတ်ပါပဲ ...

ကျွန်တော့်အခန်းထဲ ရောက်သည်နှင့် မာကြောသော မျက်နှာဖုံး ကွာကျကာ ရင်ဘတ်ကိုထုရိုက်ပြီး သူမ မကြားအောင် အသံတိတ်ငိုမိသည် အကယ်၍ သူမ ကွာရှင်းဖို့ သဘောတူလိုက်ရင် ကျွန်တော်နေနိုင်ပါ့မလား? ချာတိတ်ဆိုတဲ့ ကောင်မလေး ဘေးနားမရှိဘဲနဲ့ ...

" Jinမကွာရှင်းပေးနိုင်ဘူး !!Arjushi နားလည်လား?Jin Arjushiကို ချစ်တယ်လို့ *sob* Jinလုံးဝ မကွာရှင်းပေးနိုင်ဘူး !!Arjushi ကြားလား!!? *sob* "

အောက်ထပ်မှ အပေါ်ထိတက်လာသော သူမရဲ့အသံ ... သူမသည်းစွာ ငိုနေတယ် ! မငိုပါနဲ့ကွာ ကို့နှလုံးသားတွေ တစစီ ဖြစ်နေသလိုပဲ နှစ်သိမ့်ပေးချင်တာပေါ့ ချာတိတ်ဘေးနားနေပြီး အားပေးချင်တာပေါ့ အရင်လို ရင်ခွင်ထဲ ဆွဲဖက်ပြီး ဒါပေမဲ့ .... ခေါင်းထဲ နေ့လည်က Yoongiနဲ့ ပြောခဲ့သော အကြောင်းအရာတခု ခေါင်းထဲဝေ့နေသည်

Flash back start ~

မြေညီထပ်သို့ ဆင်းရန် elevatorခလုတ် နှိပ်လိုက်သည် ကံကမကောင်းချင်တော့ ဓါတ်လှေကားထဲတွင် ဝန်ထမ်းအချို့နှင့် Yoongiပါရှိနေခဲ့သည် ရယ်ရယ်မောမောနဲ့ အချင်းချင်း အပြန်အလှန် ပြောနေကြတာ... ကြည့်ရတာ ကျွန်တော့်ဘက်က ဥက္ကဠတယောက် အနေနဲ့ ထိုအရာတွေ ပေါ့လျော့ခဲ့တယ် ထင်ပါ့

YG ~ Hyung မဝင်ဘူးလား??

Hyung??ခေါ်ပြန်ပြီ အဲ့စကားလုံး ... သေချာပေါက် သဘောမကျဘူး ဆိုတာပြောပြီးသား သူဆိုတဲ့ ကောင်အခုထိ မမှတ်သေးဘူးလား ဒါမှမဟုတ် ဂရုကိုမစိုက်တာလား? ဝန်ထမ်းတွေ အရှေ့မှာမို့ ငြိမ်နေလိုက်သည်

Love comes secretly ♡Where stories live. Discover now