Epi 2

3K 216 2
                                    


Next morning >>>

Namjoon Jinအခန်းတံခါးခေါက်ကာ

NJ ~ ချာတိတ် မနက်စာစားရအောင်!

အတန်ငယ်ကြာသော်လည်း ဘာထူးသံမှမကြား

NJ ~ ချာတိတ် ကိုဝင်ခဲ့မယ်နော်!

အခန်းတံခါးဖွင့်ပြီး ဝင်လိုက်တာနှင့် သူမရဲ့ရနံ့လေးက သင်းပျံ့နေသည်။ထို့နောက် ကုတင်ပေါ်၌ အိပ်မက်ကမ္ဘာသို့ ကူးပြောင်းနေသော ချာတိတ်Jinကို သူတွေ့လိုက်သည်။သူမအနား ကပ်သွားကာ သူမမျက်နှာအား ဖုံးနေသော ဆံနွယ်စတို့ကို ဖယ်ပြီးသူမမျက်နှာလေးအား တစိမ့်စိမ့်ကြည့်နေမိသည်။ထိုအခါ သူမနှုတ်မှ ညည်းညူသံကြားလိုက်ရသည်။

" Omma Bogoshipo "တဲ့

Namjoonတော်တော်လေး စိတ်မကောင်းဖြစ်မိသွားသည်။Jinကို ဒီအရွယ်လေးနဲ့ မိဘတွေနဲ့ခွဲပြီး သူပဲပိုင်စီးထားသလို ဖြစ်နေသော်လည်း ဒါဟာအချစ်ဆိုတဲ့ အရာကြောင့်ပါ...Jinရဲ့နဖူးကို နမ်းရှိုက်၍ အခန်းပြင်သို့ပြန်ထွက်လာခဲ့သည်။

>>>>Skip Time<<<<<

Jinတယောက် အကြောဆန့်ကာအိပ်ရာပေါ်မှ နိုးထလာခဲ့သည်။ပြီးမှနာရီကြည့်မိတော့ နေ့လည်ပင်ရောက်နေပြီ သူမnamjoon အလုပ်သွားပြီလားဟု အခန်းပြင်ကို တချက်ကြည့်လိုက်သည် ဘယ်သူမှမရှိ ငြိမ်သက်နေသော ပတ်ဝန်းကျင်ကြောင့် သူမ မနက်စာနဲ့နေ့လည်စာပေါင်းစားရန် မီးဖိုချောင်သို့ ဝင်လာခဲ့သည်။မီးဖိုချောင်ထဲ ရောက်တော့ ပဝါလေးအုပ်ထားသော ထမင်းဝိုင်းကို တွေ့လိုက်သည် သူမလည်း ပဝါလေးဖယ်ကာ ကြည့်လိုက်တော့ ဖရုံသီးထမင်းသုပ်နဲ့ ကင်မ်ချီ ထို့အပြင် စာလေးတစောင် သူမဖတ်ရန်ဖွင့်ကြည့်လိုက်သည်

**ချာတိတ် နိုးရင်ကိုလုပ်ပေးတာ စားလိုက်ပါနော် ချာတိတ်အခုထိ ကို့ကို မုန်းနေတာ သိပေမဲ့ ဒါလေးတော့ စားနော် အစားအစာမှာ ဘာအပြစ်မှမရှိပါဘူး ပြီးတော့ ကိုရဲ့မေတ္တောက ချာတိတ်အပေါ် စစ်မှန်ပါတယ် ဆိုတာကိုအပြောနဲ့ မဟုတ်ဘူး အလုပ်နဲ့ သက်သေပြမှာပါ အလုပ်က တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့မယ် saranghae ချာတိတ်**

Jinစာဖတ်ပြီးတော့ သူမဝန်ခံပါတယ် Namjoonအပေါ် နည်းနည်းတော့ စိတိယိုင်မိပါတယ် namjoonအပေါ်လည်း သနားမိသလို

Love comes secretly ♡Where stories live. Discover now