Part-1[တွေ့ဆုံခြင်း သို့မဟုတ် ကွဲကွာခြင်း]

9.4K 481 22
                                    

"အားးးးး"

"အစ်မ...နည်းနည်းအားထပ်ထည့်လိုက်ပါဦး။"

"အားးးးး"

အိမ်တွင်သာ လက်သည်ဖြင့်မွေးသည်မို့ Park အိမ်တော်၏ သခင်လေး Park Jumin မိန်းမဖြစ်သူသည် မီးဖွားရာ၌ လွန်စွာ စိုးရိမ်နေလျက်ရှိသည်။

.......အူဝဲ...အူဝဲ ......

"ယောကျ်ားလေးတွေတော့ အမြွှာလေးတွေ ... !"

မီးဖွားခန်းတွင်းမှဝမ်းသာအားရစွာ ထွက်ပေါ်လာသော အသံကြားကာမှ သခင်လေး Jumin ကောင်းစွာ အသက်ရှူနိုင်တော့သည်။

မွေးဖွားပြီး တစ်ပတ်ခန့်အကြာ...

"အမေ ကျွန်မ သားနှစ်ယောက်နဲ့ မခွဲပါရစေနဲ့... "

"ဒါညည်းကိစ္စ။ ငါတို့ Park အိမ်တော်ကညည်းလိုလူမျိုးကွဲနဲ့ သဘောမတူနိုင်ဘူး။ကိုယ်ဝန်ရှိနေတယ်ဆိုလို့သာ ငါတို့ Park အိမ်တော် နာမည်ပျက်မှာစိုးလို့ ကလေးမွေးတဲ့အထိ လက်ခံတာ။ ညည်းသား နှစ်ယောက်ကို ထားပြီး ငါ့သား Jumin မရှိတုန်းထွက်သွားစမ်း!!"

"အမေ...မလုပ်ပါနဲ့... ကလေးတွေက ရက်သားလေးတွေပဲ ရှိသေးတာ မလုပ်လိုက်ပါနဲ့..."

"အို ...ပြောလိုမရဘူးလား? ဟဲ့ ... လာကြစမ်း!
သူ့ကိုဆွဲခေါ်သွားစမ်း!!"

"အမေ ...... !!! အမေ!!!! မလုပ်ပါနဲ့ ... အကို နဲ့ မပေါင်းရလည်းသားလေးနှစ်ယောက်ကိုတော့ ...... ကျွန်မ ဝမ်းအနာခံင်္ပြီးမွေးထားရတဲ့ သားလေးတွေကိုတော့ ခေါ်သွားပါရစေ အမေ!!! "

"တော်စမ်း!! ညည်းတို့ မျိုးရိုးထဲ ငါ့သားရဲ့သွေးသားတွေကိုမထည့်ပေးနိုင်ဘူး!!! ညည်းတစ်ယောက်ထဲထွက်သွား!! "

*** *** *** *** *** *** *** *** *** *** ***

Yuan တစ်ယောက် မျက်ရည်ဖြိုင်ဖြိုင်ကျလျက် အမြွှာဖြစ်သူသားနှစ်ယောက်အား ကြေကွဲစွာ ကြည့်ကာ...

"မေမေ့ကို ခွင့်မလွှတ်ပါနဲ့ သားတို့ရယ်။ မေမေ့မှာ ရွေးချယ်စရာ ဒီတစ်ခုပဲရှိလို့ပါ။ စောင့် းကြည့်နေပါ အမေ!! အမေတို့လူမျိုးခွဲခြားပြီး ကျွန်မကို နှင်ထုတ်ခဲ့လို့ နောင်တရစေရမယ်။ "

ကျဆင်းနေသော မျက်ရည်များအား သုတ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ကလေးလှည်းလေးထဲတွင်တစ်ယောက်ကအိပ်နေပြီး တစ်ယောက်က နိုးနေသော သားနှစ်ယောက်အနက် အိပ်ပျော်နေသော ကလေးငယ်အား ချီလိုက်ပြီး တစ်ဖက်မှ အထုပ်ဆွဲ၍ လူမရှိခိုက် ထိုPark အိမ်တော်ကြီးထဲမှ ပြေးထွက်သွားလေသည်။

စေတန်ဖန်ဆင်းသောအချစ်နှင့်သခင် || KRISYEOL || ( Only Unicode )Where stories live. Discover now