Meet

2K 105 16
                                    


Tae's pov
အိမ်ပြန်ရောက်တော့

tae- omma seoကပြောတယ် သားaccidentဖြစ်တုန်းက ဆွဲကြိုးတစ်ကုံးရထားတယ်ဆို
omma- အော်အေးအေးဟုတ်တယ် ommaလည်း အဲ့တုန်းကသားကနေမကောင်း နေတာနဲ့ သားကိုပြန်ပေးဖို့မေ့သွားတာ ommaသိမ်းထားတယ်သားရဲ့
tae-ဟုတ်လား ဒါဆိုသားကို အဲ့ဆွဲကြိုးလေးပြပါ့လား
omma- ကဲသားခုတော့ ထမင်းအရင်စားဦး နောက်pမှ ommaယူလာပေးမယ်နော်သား
tae- yea omma
appa- taeyeon na appaကို အရင်တစ်ခေါက်ကသားပြောတဲ့ကိစ္စ ဘယ်လိုလဲ စီစဉ်ဖြစ်လား
tae- dae appa သားအခု Hwang groupနဲ့ လက်တွဲဖို့ စီစဉ်နေတယ်
appa- Hwang group? သူတို့CEOက ဘယ်သူလဲ သူ့အကြောင်းရော သေချာစုံစမ်းထားလား companyရဲ့ backgroundကရော
tae- Hwang groupရဲ့ပိုင်ရှင်က korean-american တစ်ယောက်တဲ့ နောက်ပြီး အဲ့ဒီcompanyက အမေရိကအလှကုန်ဈေးကွက်မှာ ထိပ်တန်းထဲကပါappa အဲ့ဒါကြောင့် သားတို့ဒီတစ်ခါအသစ်ထုတ်မယ့် အလှကုန်အတွက် americaဈေးကွက်ကို ထိုးဖောက်ဖို့ သူတို့companyကို သားတို့ဘက်ကကမ်းလှမ်းထားတာပါ
appa- သားအကြံတော့ကောင်းပါတယ် ဒါပေမယ့်သား ကိုယ်နဲ့လက်တွဲမယ့် company/ပိုင်ရှင်ရဲ့ အကြောင်းကိုတော့ ကိုယ့်ဘက်ကကြိုတင်လေ့လာထားဖို့လိုတယ်နော် အဲ့ဒါသားမြဲမြဲမှတ်ထားရမယ့်အရာပဲ ကိုယ်က လုပ်ငန်းကြီး တစ်ခုလုံးကိုဦးဆောင်နေရတာ ကိုယ့်ရန်သူဆိုတာက ဘယ်တော့မှ ကြေညာပြီးလာလေ့မရှိဘူး ကိုယ့်ဘက်ကအမြဲ အစစအရာရာတွေးထားမှ တော်ကာကျမှာ
tae- dae appa သားမှတ်ထားပါ့မယ်
omma- ကဲပါတော်ပါတော့ ရှင်ကလည်း သားလေးကတစ်နေကုန် ပင်ပန်းလာတာ နားပါစေဦး
tae- သားဝသွားပြီ appa ommaသားနားတော့မယ်နော်
ကျတော့်အခန်းထဲရောက်တော့ ညဝတ်လဲပြီး အိပ်ယာပေါ် လှဲချလိုက်ပြီးတော့မှ appaပြောတဲ့စကားတေကို သတိရလိုက်ပြီး suzy လာပေးထားတဲ့ Hwang groupရဲ့ fileကို ကျတော်ထုတ်ကြည့်လိုက်တယ်
Hwang groupရဲ့ အောက်မှာ dior အလှကုန်, hotel တေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတေကိုအဓိကလုပ်ကိုင်တယ်
အဲ့လုပ်ငန်းတေထဲမှာ diorအလှကုန်လုပ်ငန်းက အအောင်မြင်ဆုံးနဲ့ ရှယ်ယာဈေးအမြင့်ဆုံးပဲ နောက်ပြီးသူတို့ကအလှကုန်နဲ့အတူ fashion လုပ်ငန်းကိုလည်း စတင်ချင်နေတယ်ဆိုပဲ ပိုင်ရှင်က Mr. Bernard Hwang
အိမ်ထောင်မရှိဘူး ဒါမယ့် ဘာလို့ diorရဲ့ CEOက မိန်းကလေးဖြစ်နေရတာလဲ suzyပြောတာတော့ သေချာပေါက်မိန်းကလေးပါ သူ့နာမည်က tiffany/stephanie hwang? ဒါဆို Mr.Hwangရဲ့ သမီးများလား ဒါမှမဟုတ် ဇနီး??????
ဇနီးတော့မဟုတ်လောက်ပါဘူး အိမ်ထောင်မရှိလို့ရေးထားတာပဲ
ဒေါက် ဒေါက်
omma- သား ဆေးသောက်ဦး omma နွားနို့နဲ့ ဆေးနဲ့ယူလာတယ်
tae- omma သားနွားနို့မသောက်ချင်ဘူး coffeeသောက်လို့မရဘူးလား
omma- သား ကလေးလည်းမဟုတ်တော့ပဲနဲ့ နွားနို့မကြိုက်လည်းသောက်ရမှာပဲ ဆရာဝန်ကသောက်ခိုင်းထားတယ်လေ
tae- ဟုတ်ကဲ့ပါသောက်ပါ့မယ် သားကိုcoffeeလေးတော့ ဖျော်ပေးဦးနော်
omma- ဘာလဲအလုပ်လုပ်ဦးမလို့လား အိပ်ပါတော့သားရယ် အလုပ်တေမနိုင်ရင်လေ kyungsooကို ကူခိုင်းလေ နောက်p suzyလည်းရှိတာပဲ
tae- အလုပ်မလုပ်ပါဘူးommaရဲ့ သားဖတ်စရာလေးတေရှိလို့
omma- ပြောမရပါလားနော်
tae- ommaလည်း arjumaမရှိတော့ ပင်ပန်းပါတယ် နောက်ထပ်အကူလေးထပ်ခေါ်လိုက်ပါ့လား
omma- မခေါ်ပါဘူးသားရယ် ommaကလုပ်ချင်လို့ကို ကိုယ်တိုင်လုပ်နေတာ ommaဘဝတစ်လျောက်လုံး မိန်းမလိုနေခဲ့တာမဟုတ်ဘူး သားဖေဖေတို့လိုပဲ စီးပွားရှာနေခဲ့တာလေ အင်းငါ့သားလေး မိန်းမကျရင်တော့ အိမ်ထောင်ထိန်းကောင်းတဲ့ မိန်းမနဲ့ပဲပေးစားရမယ် နို့မို့ဆို ကလေးတေကို စောင့်ရှောက်နိုင်မှာမဟုတ်ဘူး
tae- omma တို့ကတော့ လိပ်မျိုးပဲနော်😁😁
omma- အောင်မယ် ကိုယ့်အမေကို ဒီကောင်လေး
tae- 😁😁😝

Heartbreak HotelWhere stories live. Discover now