Kim Tae Yeon

2.8K 143 11
                                    

Taeyeonမှာ အလွန်ချမ်းသာသော မိသားစုမှ တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်သည်။ Kim Groupဧ။် အမွေဆက်ခံသူ ဆိုလျှင်လည်းမမှားပါ။ taeမိဘတေက companyအလုပ်တေနဲ့ အမြဲရှုပ်နေတော့ taeကို ဂရုမစိုက်အား။ ငယ်ငယ်ကတည်းက အိမ်ရှိ အစေခံများဧ။် လက်ထဲတွင် ကြီးပြင်ခဲ့ရသည်။ tae ငယ်ငယ်ကတည်းက အမြဲထိန်းတဲ့ Arjumaိကြီးကတော့ taeလေးကို အလွန်ချစ်ရှာပါတယ်။ taeမှာ ငယ်ငယ်ကတည်းက ရင်းနှီးတဲ့သူငယ်ချင်း ၂ယောက်ရှိတယ်။ သူတို့ကတော့ sunny နှင့် sooyoungပါ။

sunnyနဲ့ sooyoungကလည်း taeလို လူု့ကုံထံ အသိုင်းအ၀ိုင်းကဆိုတော့ မိဘချင်းလည်းရင်းနှီး ကျောင်းလည်း တူတူတက်ခဲ့ကြတဲ့ ငယ်ပေါင်းတေဖြစ်ခဲ့တာပေါ့။ taeအကြောင်းကို သူတို့နှစ်ယောက်က အခြားသူများထက်လည်း ပိုသိတယ်လေ။ နောက်ပြီး GG Clubပိုင်ရှင် taeဧ။် ညီဝမ်းကွဲ hyoyeonလည်း taeနဲ့ ရင်းနှီးတဲ့သူတေ ထဲမှာတစ်ယောက်အပါအ၀င် ဆိုပါတော့။သူတို့အားလုံးက taeဆိုးသမျှခံရသူတေဆိုလည်း မမှားဘူးပေါ့။ အားလုံးထဲမှာ taeကို သည်းခံဆုံးကsunny။ sunnyကပဲ taeနဲ့အရင် သူငယ်ချင်းဖြစ်ခဲ့တာဆိုတော့ taeကိုပိုပြီးနားလည်တာပေါ့။ sunnyတို့ မိဘတေကလည်း ချမ်းသာပေမယ့် taeမိဘတေလိုမဟုတ် သူတို့သားသမီးတေကို အရမ်းဂရုစိုက်တာ။ sunnyရဲ့အစ်ကို lee donghaeကလည်း taeကိုတော်တော် ခင်ရှာပါတယ်။ သူတို့သူငယ်ချင်းသုံးယောက်က taeအိမ်မှာ အမြဲဝင်ထွက်ပြီး နေချင်သလို နေနေကျ။ Arjumaကြီး ကလည်း သူတို့လေးတေအားလုံးကို သိပ်ချစ်ရှာတာပါ။

Tae's POV

သောက်ထားတာလည်း နဲနဲများသွားတော့ ခေါင်းကနဲနဲကိုက်ချင်သလို ဖြစ်လာပြီ။ ဟိုကောင်မလေးကို ဖုန်းနံပါတ်တောင်းပြီးတာနဲ့ အိမ်ကိုပဲတန်းပြန်ခဲ့လိုက်တော့တယ်။ ဒီနေ့ဘူနဲ့မှလည်း ကစားချင်စိတ်မရှိဘူး။ တော်တော်ထူးဆန်းနေပါလား kim tae yeon clubကနေ ဘယ်ကောင်မလေးမှ မပါဘဲအိမ်ပြန်ရတယ်လို့။ ငါမဟုတ်တဲ့အတိုင်းပဲ။ ကဲပါဘိုပဲဖစ်ဖစ် အဲ့tiffanyဆိုတာလေးကို တွေ့လိုက်တော့ စိတ်ထဲမှာ တစ်မျိုးပဲ ရင်းနှီးချင်နေမိတယ်။ အရင်ကဆို ကျွှန်တော် ဘယ်ကောင်မလေးကိုမှ စပြီး ကိုယ်ကစမလိုက် ဘူးဘူး။ kim tae yeon စတိုင်မဟုတ်ဘူးလေ။ သူတို့ကပဲ ကျွှန်တော့်ကို လာလာရှိုးကြလို့ ကျွှန်တော်က စေတနာနဲ့ ကြင်နာယုံလေးပဲ ပတ်သက်တာ။ ကွျှုန်တော့်ဘ၀မှာ သူမကလွဲလို့ ဘယ်သူ့ကို မမချစ်ဘူးသေးဘူး။ ဘယ်သူ့ကိုမှလည်း မချစ်ချင်ဘူး။ ကျွှန်တော်တစ်သက်လုံး သူ့ကိုပဲ ချစ်ပါ့မယ်လို့ ပြောခဲ့တာကို။ ဒါပေမယ့် အဲ့tiffanyဆို တဲ့ခုမှတွေ့ဖူးတဲ့ဟာလေးကို ဘာလို့ဒီလောက်စိတ်ဝင်စား မိနေမှန်းမသိဘူး။ မဆီမဆိုင် သွားကူညီမိသေး။ ဟူး kim tae yeonမင်းပြောင်းလဲ နေပြီလား။ ကားမောင်းရင်းနဲ့ ကျွှန်တော်အတွေးတေ လွန်လာတာ အိမ်ရောက်လာတာတောင် သတိမထားမိဘူး။ အချိန်ကလည်း ၈နာရီပဲ ရှိသေးတယ်။



Heartbreak HotelWhere stories live. Discover now