Hello Puppy_16

8.4K 832 38
                                    

Baek ဒီနေ့ ကွန်မန်ဒိုတို့ အထိမ်းအမှတ် ပွဲတခုသို့ တက်ရောက်ဖို့ ရာ ပြင်ဆင်နေလေသည်။..

ဝမ်းနည်းခြင်း အထိမ်းအမှတ်မို့ အမည်းရောင် suit ကိုသာ ဝတ်ဆင်လိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။. Yixing hyung ကော Suho noona ပါ တောင်အာဖရိက အစည်းအဝေး သွားကြတာမို့ ဒီနေ့တော့ Baek တယောက်တည်း သွားရမည်လေ..
ကားပေါ်တက်ကာ လက်တို့က အကျင့်အတိုင်း ဖုန်းနံပါတ်တခု ကောက်နှိပ်ဖို့ ကြိုးစားလိုက်ပေမဲ့ ပြန်လက်လျော့လိုက်ရသည်။..

သူ အခု မအားလောက်သေးဘူး ထင်သည်..

အဝေးက လူတို့ သွားလာနေတာကိုသာ ငေးကြည့်လိုက်ရင်း သက်ပြငိးချလိုက်မိသည်။...

Man : သခင်လေး.. ရောက်ပြီ...

ဒရိုင်ဘာ ပြောမှ Baek ပြန်အသိဝင်လာတာမို့ ကားပေါ်က ဆင်းလိုက်တော့ ကွန်မန်ဒို အဆောက်အဦးက ဝင့်ထည်စွာ ကြိုဆိုနေလေသည်။..
အနောက်နားမှ ကိုယ်ရံတော် ၂ယောက်က ကပ်လျက် လိုက်ပါလာလေသည်။..

ဒီလို တိုင်းပြည်အတွက် ကျဆုံးခဲ့ပြီးသော ကွန်မန်ဒို များကို ဂါရဝပြုသည့် ပွဲမှာ Baek ကိုယ်ရံတော် အများအပြားနဲ့ မလာချင်ပါ. ဒါကြောင့် အကုန်လျော့ချပစ်ခဲ့လေသည်။..

Man : Pres ကိုယ်စားလှယ် Byun သခင်လေး ရောက်ပါပြီ...

Baek ရောက်လာတာနဲ့ ပွဲစလိုက်ကြသည်။..
အလေးပြု သတိဆွဲ အခမ်းအနားတွေ လုပ်ပြီးတော့ Baek အနီးတဝိုက် လှည့်ပတ်ကြည့်ရှု့ မိသည်။.

ကြွေရောင်တောက်နေသော အပြား ခပ်ကြီးကြီးတခုပေါ်မှာ ကြယ်လေးတွေ အစီအရီ..
နာမည်မတွေ့ရ... တခြားဘာမှ ရေးမထား..

အပေါ်မှာတော့ စစ်ဆင်ရေးနာမည်သာ ရေးသားထားလေသည်။..

Baek ကြယ်လေးတွေကို ရေကြည့်တော့ ၁၅လုံးတိတိ..

Baek : အော်.. ၁၅ ယောက် ကျဆုံးခဲ့တာကိုး...ဘယ်သူတွေမှန်းတော့ မသိရဘူးပဲ။....

JiHo : ဒါပေါ့. သေတဲ့ အထိ သူတို့ သရုပ်အမှန် ကို ထုတ်ပြခွင့် မရှိဘူးလေ. သေတာတောင် နာမည်တပ်ခွင့် မရပဲ ကြယ်တလုံးလေးပဲ ကိုယ်စားပြုပြီးသေရမှာ...
မင်း ရဲ့ Chanyeol လဲ အ့လိုပဲ ဖြစ်မှာနော်..

¤◆Hello Puppy!◆¤Where stories live. Discover now