Hello Puppy_9

10.4K 1K 19
                                    


Next mornee...

Baek Yeol မျက်နှာကို တဝ ကြည့်ရင်း Yeol ဘေးနားက အသာလေး ထကာ ကိုယ်လက်သန့်စင်ကာ အိမ်အပြင် ထွက်လာခဲ့သည်။.. အိမ် ဘေးနားက မီးဖိုဆောငိလေးမှာတော့ မီးခိုးငွေ့ တလူလူ တက်နေတာကြောင့် Halmoni မနက်စာ ချက်နေပုံ ရသည်။....

Baek : Halmoni Baek ဘာကူညီ ရမလဲ။..

Halmoni :နိုးလာပီလား.. ရပါတယ်.. နားနားနေနေ နေ. Halmoni ချက်လိုက်မယ်...

မီးဖိုချောင် ထဲ အဝင်မခံ တာကြောင့် Baek အိမ်ရှေ့ ကွက်လပ် ထဲ ထွက်လာတော့ ရောင်နီဦး နေက ထွက်လုလု...
လေအေးအေးလေးက တချက်ချက် တိုက်နေတာမို့ Baek ရဲ့ အညိုရောင် ဆံပင် ကို တို့ထိ ကျီစားနေလေသည်။..
Baek မျက်လုံးတို့ကို မှိတ်လိုက်ရင်း မနက်ခင်းရဲ့ နုသစ်လှသော လေကို ရှုရှိုက် လိုက်မိသည်။..

ဖြောက်........

တစုံတခု ကို တက်နင်းမိသော အသံကြောင့် Baek မျက်လုံးတို့ကို ဖွင့်ကာ အသံ လာရာဆီ ကြည့်လိုက်မိသည်။...
တရားခံ က Yeol...

သူ တက်နင်းမိသော ထင်းချောင်း ပေါ်မှာ ခြေထောက်တဖက် တင်ကာ နောက်တဖက်က တနေရာသို့ ဝင်ပုန်းရန် အနေအထား...
မျက်နှာက သူခိုး လူမိ မျက်နှာ....

Baek : နိုးလာပီလား.... လာ... လေလေးက အေးနေကောပဲ။.. နေထွက်တာကို လာကြည့်...

Yeol ဘာမှ မပြောတော့ပဲ ကုတ်ကုတ်လေး Baek ဘေးနား လာရပ်သည်။..

Baek : လှလိုက်တာနော်.. နေထွက်လာတာက..

Yeol pov : မင်း က ပိုလှတာ...
နေ့တနေ့ရဲ့ အစ.. မင်း မျက်နှာ အမြဲ မြင်ရရင် သိပ်ကောင်းမှာ..
နေရောင်ခြည် နုနုအောက် မင်းကို ကြည့်ရတာ သိပ်ကို ကြည်နူးစရာ ကောင်းတယ် ဆိုတာ မင်းလေး မသိဘူး..
သိဖို့ လဲ မလိုပါဘူး.. ငါ့ ရင်ထဲ မှာပဲ ရှင်သန်သွားမဲ့ အချစ်တွေပါ.....

Baek : yeol ကျွန်တော် ပြောနေတာ ကြားလား...

Yeol : ဘာပြောလိုက်တာလဲ။ မသိလိုက်ဘူး..

Baek : မျက်လုံးကသာ ကျွန်တော့ကို ကြည့်နေပီး စိတ်တေက ရောက်ချင်ရာ ရောက်နေတာ..
ဒီနေ့ပြန်ရင် အဖွဲ့ကားနဲ့ ပြန်မလိုက်နဲ့လို့. သွားစရာ ရှိတယ်..

¤◆Hello Puppy!◆¤Where stories live. Discover now