Hello Puppy_8

11.1K 1K 34
                                    

Baek ပခုံးလေးပေါ် အိပ်ပျော်နေသော Yeol အား တချက် ငုံ့ကြည့်လိုက်ရင်း အသာလေးမကာ ကားဆိုဖာပေါ်  က ဆောင်ထားနေကြ ခေါင်းအုံးလေး ယူပီး သက်တောင့် သက်သာ ဖြစ်အောင် ချပေးလိုက်သည်။. ပီးတော့ ကားမောင်းသူ နေရာ ဝင် ထိုင်ရင်း ကားလေး ကို ကျောင်းထဲမှ ထွက်လာခဲ့သည်။..

ထိုအချိန်မှာ အတန်းရှေ့မှာ သူ ထွက်လာနိုးနိုး စောင့်နေသော Goo ကိုယ်ရံတော် ကိုလည်းသတိမရနိုင်တော့ပါချေ.....

သိပ်အဆင်ပြေပုံ မရသေးသော Yeol ကြောင့် သူ တခါသာ ရောက်ဖူးသော Yeol အိမ်သို့သာ ဦးတည် လိုက်သည်။..
အိမ်ရှေ့ ရောက်တော့ ဆက်အိပ်စေချင်သော်ငြား နိုးရမှာမို့..

Baek : Yeol.. ခန ထ အုံး... အိမ်ရောက်ပီ။ အိမ်ထဲဝင် အိပ်ကြမယ်. လာ..

အိပ်ချင်မူးတူး နဲ့ မို့ မျက်လုံးလေး မပွင့် တပွင့် ဖြစ်ကာ Baek ဆွဲခေါ်ရာနောက် ပါလာသည်။.

အိမ်ထဲရောက်လို့ Yeol အား မနိုင့်တနိုင့် ဆွဲခေါ်ရင်း တစုံတခု ကို ဝင်တိုက်မိသည်။..

Baek : ဘာကြီးလဲ....

ကြည့်လိုက်တော့ ခရီးဆောင်အိတ်..

Baek : ခရီးဆောင် အိတ်တောင် အခန်းထဲ  မထည့်နိုင်အောင် ဘာတေ အလုပ်များနေလဲ။...
မျက်လုံးလေး ခန ဖွင့်ပီး. လန်းသွားအောင် ရေသွားချိုး..
အိပ်ရာက မနိုးသေးတာလား... အ့ဒါဆို ရေလိုက်ချိုး ပေးရမလား...

ထိုအခါမှ Yeol တယောက်  မျက်လုံးအသည်းအသန် ပြူးကာ လက်တခါခါ နဲ့ ရေချိုးခန်းထဲ အပြေးလေး ဝင်သွားလေတော့သည်။..

Baek လဲ ထိုအခါမှ အိပ်ရာကို သေချာပြန်ပြင်ပေးရင်း မျက်လုံးက စားပွဲ ပေါ်မှာတင်ထားသော ဓာတ်ပုံလေးဆီ အကြည့်ရောက်ပြန်လေသည်။...

Baek pov : သိပ်လိုက်မှာ. အ့ noona သာရှိသေးရင်....
အ့ဒါဆို ကျွန်တော် နဲ့ တွေ့စရာ အကြောင်းမရှိဘူးပဲ။..  :')

Yeol : ဘာတွေ ကြည့်နေတာလဲ။..

Baek : Ar.arni.. ဘာမှ မဟုတ်ဘူး..
အဝတ်အစား လဲ ပီး ခန ပြန်အိပ် လိုက်..
ညစာ ချက်ပေးမယ်..

Yeol : အိမ်မပြန်သေးဘူးလား..

Baek : ပြန်မှာပါ.. ချက်ပေးပီးရင်. စိတ်ချ..
မနေစေချင်ရင် မနေပါဘူး...

¤◆Hello Puppy!◆¤Where stories live. Discover now