Hello Puppy_13

8.9K 900 44
                                    

Yeol နာကျင်သော ဒဏ်ရာ ကို လျစ်လျူ ရှုရင်း Baek ကို ကြောင်အ စွာ ငေးနေမိသည်။..

Yixing : Baek!..

Hyung ခေါ်သံ ကြားမှ သတိပြန်ဝင်လာပီး Baek ကို ကျောပေးကာ အလျင်အမြန် ထွက်လာခဲ့သည်။.....
သူ ထွက်ပြေးရာ လမ်းတလျှောက်မှာတော့ သွေးတစက်စက် ကျ လျှက်....

Yixing : Baek ဘာဖြစ်သွားသေးလဲ။.. သေနတ် က Baek ပစ်လိုက်တာလား..

Baek : အင်း.. Baek ပစ်လိုက်တာ.. သူ ထိသွားတယ်.. သူ့ သွေးတွေ တစက် တစက် သူသွားတဲ့ နေရာတွေ မှာ ကျန်ခဲ့တုန်းပဲ။...
သူ Baek ကို ကြည့်နေတဲ့ မျက်ဝန်းတွေ က တမျိုးပဲ။.
နာတယ်... ဒီ ရင်ဘတ် ထဲက နာတယ်။...
အ့ဒီ မျက်ဝန်းတွေ ကို ကြည့်ပီး နာတယ်.......

Yixing ဘာမှမပြောတော့ပဲ Baek ပခုံးလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။...

Yixing pov : ပြောသင့် မပြောသင့် စဥိးစား နေရင်း အပြစ်တခု ကျူးလွန်နေသလို ခံစားနေရတယ်... Hyung ဘယ်လို လုပ်ရမလဲ။....

အဆောက်အဦးရဲ့ ထောင့်ချိုး တခု မှာတော့ သွေး စက်လက်တို့ကို မသိကျေးကျွန် ပြုရင်း ငိုကြွေးနေခဲ့သော နှလုံးသား တစုံ ရှိခဲ့သည်။..

ထို နှလုံးသား ပိုင်ရှင် ကောင်လေးသည်လည်း ဖျော့တော့စွာနှင့်ပင် အိမ်ပြာတော် ဆီ သယ်ဆောင် ခြင်း ခံခဲ့ရလေသည်။....

မင်းသာ အလိုရှိရင် ငါ့နှလုံးသား တည့်တည့် ပစ်ခွင်းနိုင်ပါတယ်။...
အ့ဒီ နှလုံးသား ဆိုတာ ငါ မပိုင်တော့တာ ကြာခဲ့ပါပြီ။..

♥♥Hello Puppy♥♥

Baek အိမ်ရောက်တာနဲ့ သူ့ အခန်း ထဲ ဝင်ကာ လော့ခ်ချ နေခဲ့လေသည်။..

Baek : ကျွန်တော် ဘာလို့ အ့ဒီ mask တပ်ထားသူကို မြင်တိုင်း ခင်များလို့ ထင်နေမိရတာလဲ။...
တအား လွမ်းနေမိတာ မှန်ပေမဲ့ တွေ့တဲ့ သူတိုင်းကို ခင်များလို့ တော့ နှလုံးသားက အမည် မတပ်ဘူး။..
ကျွန်တော့ နှလုံးသား ကျွန်တော် ယုံတယ်။..
ဒါပေမဲ့ ခု က ဘာတွေလား.....
နားမလည်တော့ဘူး........

အပြင်မှာ ရွာနေသော မိုးစက်လေးတွေ ကို ကြည့်ရင်း Baek ရေရွတ်မိ၏။.. သူ့ ကို သိပ်ချစ်နေဆဲ ဆိုတာ...
မိုးစက် ကလေးတွေ သိပါလေစ.......

¤◆Hello Puppy!◆¤Where stories live. Discover now