******Part 14 ******

3.8K 396 6
                                    

PROMISE

Jongin သူ ​အောက်​မှာ Hyung ခင်း​ပေးတဲ့ အခင်း​ပေါ် ၀င်​အိပ်​ရင်း ခုတင်​ ဘက်​ကို ​ခေါင်း​စောင်းကာ ကြည့်​လိုက်​သည်

~ Hyung

သူ​ခေါ်​ပေမယ့်​ အသံ မကြား

~ Hyung မအိပ်​​သေးတာ ကျွန်​​တော်​ သိတယ်

Jongin ​ပြောလိုက်​​ပေမယ့်​ Hyung ဆီက ဘာသံ မှ မကြား သူ Hyung ကို အခုထိ ချစ်​​နေတဲ့ အ​ကြောင်း​တွေ ​ပြောပြချင်​ပါသည်

~ ကျွန်​​တော်​ ဘာလို့ အိမ်​က​နေ ထွက်​လာခဲ့လဲ သိလား

Jongin ထင်​တာ မလွဲဘူး ဆိုရင်​ Hyung သူ့စကားကို စိတ်​၀င်​တစား နဲ့ နားစွင့်​​နေပြီ ဆိုတာ သူ အ​သေ အချာ သိသည်

~ ကျွန်​​တော်​ ပြန်​ပြီး ပြင်​ဆင်​ခွင့်​ ရချင်​လို့ ပြီး​တော့ Hyung ကို ကျွန်​​တော်​ မစွန့်​လွှတ်​နိုင်​လို့

Hyung ကြားမကြား အ​သေ အချာကြီး မသိ​ပေမယ့်​ သူက​တော့ ​ပြော​နေမိသည်​  Hyung က သူ့ရဲ့ အချစ်​ဉီး အချစ်​ဆုံး  ပင်​ ဒီက​နေ အထိ ချစ်​​နေ တုန်းဘဲ ဆိုတာ သူ့ကိုယ်​သူ ညာ လို့ မရ

~~~~~×××××~~~~~

မနက်​ မိုးလင်း တာနဲ့ Jongin နိုးလာ​တော့ ကြည့်လိုက်​​တော့ Hyung ​ရော ဟိုတစ်​​ယောက်​ Sehun ​ရော အခန်းထဲမှာ မရှိ​တော့.......  သူ ကပျာ ကယာ ထကာ မျက်​နှာ သစ်​ပြီး အပြင်​ထွက်​ခဲ့​တော့ Hyung တို့က ထမင်းစား ခန်းမှာပင်​ .......Jongin ​ရောက်​လာ တာကိုပင်​ သတိ မထား မိကြဘဲ ရယ်​ရယ်​ ​မော​မော နဲ့ စကား ကပ်​​ပြော​နေကြတာ

Hyung နဲ့ Sehun ကို ကြည့်​ရင်း Jongin မျက်​ရည်​​တွေ ၀ဲလာရပြန်​သည်​ ​ယောကျာင်္း တန်​မယ့်​ အချစ်​​ကြောင့်​ မျက်​ရည်​ ကျရတာလည်း တစ်​ခါ နှစ်​ခါ မက​တော့ ဘယ်​​လောက်​ဘဲ အားတင်း​စေကာမူ Hyung တခြား တစ်​​ယောက်​ နဲ့ ​ပျော်​နေတာ ​တွေ့ ​ရင်​ သူ့မှာ ရင်​ကွဲ မတက်​ပင်

သူကိုယ်​သူ​တောင်​ သတိ မထားမိဘဲ သူ ​ခြေလှမ်း​တွေကို ​နောက်​ဆုတ်​မိ​သည်​ ....

ဘုတ်

သတိမထားမိဘဲ ​နောက်​မှာ ရှိ​နေတဲ့ စာအုပ်​စင်​နဲ့ တိုက်​မိ​တော့မှ Hyung တို့က လှည့်​ကြည့်​လာ​တော့ သူပြုံးပြကာ ဘာမှ မဖြစ်​သလို ဟန်​​ဆောင်​ပြုံးရင်း

RROMISE...Tahanan ng mga kuwento. Tumuklas ngayon