*****Part 5*****

3.3K 380 6
                                    

Promise

Jongin က​ပေးခိုင်းလိုက်​တာ ...မင်းလည်း စာပြန်​ရင်​ ပြန်​​လေ ငါ​ပေး​ပေး မယ်​ ဆိုပြီး ​ပြောလိုက်​​တော့

Kyung Soo ကသူ့အသည်းပုံနှုတ်​ခမ်း​လေး​ပေါ်​အောင်​​ပြုံးကာ

Gomeyeow..Jinja Gomeyeow ဆိုပြီး ​ပြောကာ စာ​ခေါက်​​လေးကို နမ်းပြီး အတန်းထဲဝင်​သွား​လေသည်

¥¥¥¥¥¥¥¥

Kyung Soo အတန်းထဲ​ရောက်​​တော့ Jongin ​ပေးလိုက်​တဲ့ စာ​ခေါက်​​လေး ကို စာအုပ်​ကြားထဲ ညှပ်​ပြီး ခိုးဖတ်​လိုက်​သည်​ ခိုးဖတ်​လိုက်​ရတဲ့ အရသာ က ဘာနဲ့မှ မလဲနိုင်​ပါ ..သူ ဖတ်​ကြည့်​တော့ Jongin ကသူ့ကို အရမ်း ချစ်​တယ်​ ဆိုတဲ့အ​ကြောင်း Omma လစ်​ရင်​ လာ​တွေ့မယ်​ ဆိုတဲ့ အ​ကြောင်းရယ်​ ထာဝရ  ချစ်​​နေမယ်​ ဆိုတဲ့ အ​ကြောင်း ​ရေးထားတာ စာ​လေးကတိုတို ရှင်းရှင်း​လေး​ပေမယ့်​ ဒီစာ​လေး ​ကြောင့်​ သူ အပြုံးပန်း​တွေ ​ဝေခဲ့ရသည်

သူလည်း Jongin ကို အရမ်း ချစ်​တဲ့ အ​ကြောင်း စာ အမြန်​ ​ကောက်​​ရေးပြီး Taemin ကို ​ပေးလိုက်​သည်

သူယုံကြည်​ပါတယ်​ Jongin လည်း ဒီစာ​လေး ကို ရရင်​ ​ပျော်​​နေမယ်​ဆိုတာ

¥¥¥¥¥¥¥¥

ဒီကြားထဲ အ​တောအတွင်း Jongin နဲ့ Kyung Soo ကြားမှာ စာ​ပေး စာယူ ကလွဲလို့ တခြား ဘာမှ မရှိ..Taemin က​တော့ သူတို့ ကြားက စာပို့ သမား​လေး ဖြစ်​​နေတာ... .

¥¥¥¥¥¥¥

ဒီလိုနဲ့ စာ​မေးပွဲကြီး နီးလာ​ပြီး စာ​မေးပွဲ တွင်း​တောင်​ ​ရောက်​လာသည်​ အထိ သူတို့ စကား မ​ပြောဖြစ်​​ပြောကြ

Jongin က​တော့ ဘယ်​လိုမှ မ​နေနိုင်​​တော့တာမို့

စာ​မေးပွဲ  ပြီးရင်​ Hyung နဲ့မဖြစ်​ဖြစ်​​အောင်​ ခိုး​တွေ့ မယ်​ ဆိုပြီး စိတ်​ထဲ​တေးထားရင်း

စာတစ်​​စောင်​အမြန်​​ကောက်​​ရေးလိုက်​သည်

  " စာ​မေးပွဲ ပြီးရင်​ ​တွေ့ ရ​အောင်​ Hyung ...​စောင့်​​နေကျ ​နေရာက ​စောင့်​​နေပါ​နော်​ ကျွန်​​တော်​ ဆက်​​ဆက်​ လာခဲ့မယ်​ "

RROMISE...Onde histórias criam vida. Descubra agora