I don't wanna leave you

3.5K 339 30
                                    

On The Edge Of Heaven

Ep-3

'' ဝုန်း...... ဂလုံး ''

ညသန်းခေါင်ယံ ဆူညံသံက

အောက်ထပ်မှ ထွက်ပေါ်လာသဖြင့်

အိပ်နေရာမှနိုးလာသည်

'' အား ...ပူတယ် ''

ခပ်ကြိတ်ကြိတ်အော်သံ

ဒါ ဟိုကောင့်အသံပဲ

ကျစ် ဘာတွေဖြစ်နေပြန်ပြီလဲ

အိပ်ယာကထပြီး ကုတင်ခြေရင်းဘက် လျှောက်လာခဲ့သည် ထပ်ခိုးလို ဖွဲ့စည်းထားတဲ့အိပ်ခန်းကြောင့်

ဝရံတာ လက်ရန်းကို လက်ထောက်ပြီးကြည့်လိုက်တော့

ထမင်းစားခန်းထဲ ကုန်းကုန်းကွကွဖြစ်နေသောသူ့ကိုတွေ့လိုက်ရသည်

လှေကားထစ်တွေ နံရံထဲက ထိုးထွက်လာသလို

ခပ်သေးသေးလှေကားကို တစ်ချက်ကြည့်လိုက်သည်

သွားရကောင်းမလား လွှတ်ထားလိုက်ရမလား

ဟင်း Kim Kai

မင်းမသွားချင်ရင်တွေးစရာကိုမလိုဘူး

ခြေလှမ်းတွေက အောက်ဆုံးလှေကားထစ်ပေါ်

ရောက်နေပြီးသား

'' Yah ...... ညကြီး ဘာတွေလုပ်နေတာလဲ ဆူညံနေတာပဲ ...''

လန့်သွားသလို ပြူးကြည့်နေသောမျက်ဝန်းတွေနဲ့အတူ

ပြာနှမ်းနှမ်း နှုတ်ခမ်းလုံးလုံးလေး

အလိုမကျသလို မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်

'' မင်း ဘာဖြစ်နေတာလဲ ''

'' Mian ...... နိုးသွားလား ''

'' ဘာဖြစ်နေတာလဲလို့ မေးနေတယ်လေ ''

စိတ်မရှည်သလို ခပ်ဆတ်ဆတ်မေးလိုက်တော့

'' ငါ နည်းနည်းအေးတာနဲ့ ပူတာလေး တစ်ခုခုသောက်ရမလားလို့ အဲဒါနဲ့ ''

ကြည့်လိုက်တော့ မီးဖိုက ပွင့်လျှက်သား

ကြမ်းပြင်မှာ ရေတစ်ချို့နဲ့ အိုးတစ်လုံး

'' ငါ ပြန်သုတ်ပေးမယ် ....''

မူမမှန်တဲ့ စကားသံတို့နဲ့အတူ တုန်ရင်နေသောလက်အစုံက

On The Edge Of HeavenWhere stories live. Discover now