I Found My Wings

7.2K 477 27
                                    

ညနှစ်နာရီကျော်ကာစ

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်

ခပ်ဝေးဝေးက ဖြတ်သွားဖြစ်လာ ကားတွေကလဲကျဲပါးစွာ

ထိုမြင်ကွင်းကို ခပ်မြင့်မြင့် အဆောက်အအုံရဲ့ ပြတင်းပေါက်ကတဆင့် ငေးမောနေတဲ့ ကောင်လေးတစ်ယောက်

ဖြူလျော့လျော့ အသားအရည်တို့ မီးခိုးရောင် အထက်အောက်ဝမ်းဆက်ဝတ်စုံအောက်မှာပင် မှိန်ဖျော့နေသည်

အသက်မဲ့သလို ဦးတည်ရာမရှိ ငေးမောနေသော မျက်ဝန်းတွေက ခပ်ဝေးဝေးတစ်နေရာကို ဦးတည်သွားသည်

လူတစ်ယောက် ......ကောင်လေးတစ်ယောက်ဆို ပိုမှန်မည် ......

ခပ်မှိန်မှိန် လမ်းမီးတိုင်တွေအောက်မှာ ဘာကိုမှ ဂရုမစိုက်သည့်ဟန် လျှောက်လှမ်းလာသည်

လမ်းပေါ်က ခဲလုံးသေးသေးလေးကိုတောင် မကျေနပ်စွာ ကန်လိုက်သေးသည်

ကျောမှာ လျော့လျော့ရဲရဲ လွယ်ထားသည့်ကျောပိုးအိတ်က ဖုဖောင်းလို့

နားမှာတပ်ထားတဲ့ Headphone ကို လည်ပင်းသို့လျှောချပြီး လမ်းဘေးကနံရံ့ကိုမှီကာ

ဘောင်းဘီအိတ်ထဲတစ်ခုခုကိုနှိုက်စမ်းနေသည်

ထွက်လာတဲ့ စီးကရက်ကို မီးညှိကာ အားရပါးရရှိုက်ဖွာနေသည်

မျက်တောင်မခတ်တမ်းငေးမောနေချိန်မှာပဲ

ကျောပိုးအိတ်ကိုဖွင့်ကာ သွန်လိုက်တော့ ကျလာတာတွေက

မှုတ်ဆေးဘူးတွေ .......

လက်က မှုတ်ဆေးတစ်ဘူးကို ကောက်ကိုင်ကာ

မှီထားတဲ့နံရံ့ကို စိတ်ကြိုက်ချယ်မှုန်းနေတော့သည်

ကျွမ်းကျင်မြန်ဆန်လှတဲ့ လှုပ်ရှားမှု အောက်မှာပေါ်လာမဲ့

ရုပ်ပုံကို မျက်တောင်မခတ်တမ်းကြည့်ရင်း

တုန်ရီမောလာသလို

သို့သော် အကြည့်မလွှဲမိ

ပီပြင်လာတဲ့ ရုပ်ပုံက

.........

ပျံတက်ဖို့ရာအသင့် ပျံ့လွင့်နေတဲ့ အဖြူရောင်တောင်ပံတစ်စုံ

On The Edge Of HeavenWhere stories live. Discover now