အထက်တန်းလွှာ မိသားစုတွေ နေထိုင်ရာရပ်ကွက်ထဲမှ အိမ်တစ်အိမ်ရဲ့ ခြံထဲတွင် အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်က မုန့်ပန်းကန်ကို ကိုင်ရင်း..သူ့ရှေ့ခပ်လှမ်းလှမ်းမှ ပန်းပင်ရေလောင်းနေသော..ကောင်မလေးအား..
"ပိုးဟပ်ဖြူ ရေ..ဒီကိုလာခဲ့..ဖေဖေက မုန့်တွေ ၀ယ်ပေးလိုက်တယ်..နင်နဲ့ တူတူစားဖို့တဲ့.."
"အေး..အေး..လာပြီလောရှည်ရေ..ခနစောင့်.."
ကောင်မလေးက ကောင်လေးခေါ်တဲ့နေရာသို့ ပြေးလာရင်း ရေနဲ့ ချောကာ ချော်လဲ လေသည်..
*****arrrr...******
့ကောင်လေးက ချက်ချင်းပဲ ကောင်မလေးဆီ ပြေးလာရင်း ကောင်မလေးကို ဆွဲထူလိုက်သည်..
"အဆင်ပြေရဲ့လား..ဘယ်နားနာသွားသေးလဲ.."
"ရပါတယ်ဟ..ငါဘာမှ မဖြစ်ပါဘူး.."
ကောင်လေးက ကောင်မလေး နဖူးအား မနာအောင် ခပ်ဖွဖွ တောက်ရင်း..
"နင်ဟာလေ..အမြဲတမ်း..ဒီလိုပဲ..နမော်နမဲ့နဲ့..နဲနဲပါးပါး ကိုယ့်ကိုယ်ကို သတိထားစမ်းပါ.."
"အေးပါဟယ်..နင်ကလေ..မိန်းမကြီးကျနေတာပဲ..ပွစိပွစိနဲ့..ဟိ.."
"ဘာပြောတယ်..."
"ဟီးဟီး...လာပါဟယ်..မုန့်သွားစားရအောင်..လာ.."
ကောင်မလေးက ကောင်လေးလက်ကို ဆွဲကာ...ဒန်းပေါ်တွင် နှစ်ယောက်လုံး ထိုင်လိုက်သည်..နောက်..မုန့်တစ်ခုကို ယူပြီး ကောင်လေးဘက်သို့..လှမ်းပေးလိုက်တယ်..ကောင်လေးက မယူပဲ ကောင်မလေးကမ်းပေးသည့်အတိုင်း မုန့်ကို လှမ်းကိုက်လိုက်သည်..
"yahhhh...ဘာလုပ်တာလဲ.."
"နင်ခွံ့ကျွေးတာ စားချင်လို့လေ.."
"နင်ကလဲ.."
နဂိုအသားဖြူတဲ့ ဓာတ်ခံရှိတော့..ကောင်မလေးရဲ့ မျက်နှာက ခရမ်းချဉ်သီးအရောင်ဟာ ထင်းခနဲပေါ်ထွက်လာပါရောလား..ကောင်မလေး ရှက်ရမ်းရမ်းတာကို ကြည့်ပြီိး ကောင်လေးက အားရပါးရ ရယ်နေလေသည်..
"ဘာရယ်တာလဲ.."
"နင် မျက်နှာပေါ်မှာ ခရမ်းချဉ်သ်ီးပင် ပေါက်နေသလားလို့.."
"နင်နော်..လောရှည်စုတ်..သူများကိုစဖို့ပဲ သိတယ်..တော်ပြီ..မစားတော့ဘူး..ငါသွားတော့မယ်.."
ပြောရင်းဆိုရင်း ကောင်မလေးက ထထွက်သွားတော့
"ဟာ..su ကလည်း..ငါကစတာပါဟာ..စိတ်မဆိုးပါနဲ့နော်...လာပါ..လာ..မုန့်စားကြမယ်လေ..နော်.."
ကောင်မလေးလဲ ကောင်လေးဆွဲခေါ်တဲ့နောက် ပြန်ပါလာကာ..ဒန်းပေါ်ပြန်ထိုင်လိုက်သည်..
"ဟွန်း..ဒီတစ်ခါပဲနော်..yi fan..နောက်တစ်ခါဆို မရဘူး.."
"အေးပါ..အေးပါ.."
ခြံထဲက ဒန်းလေးပေါ်တွင် su နဲ့ yifan အမည်ရှိတဲ့ ၁၂ နှစ်အရွယ်..ကလေးနှစ်ယောက် မုန့်စားလိုက်..စကားပြောလိုက်..ပြေးဆော့လိုက်နဲ့..
သူတို့နှစ်ယောက်ကို တစ်ယောက်တနေရာဆီ ခပ်လှမ်းလှမ်းက ကြည့်နေသော အသက် ၃၀ အရွယ်ရှိ မိန်းမ နှစ်ဦးကတော့ သက်ပြင်းချရင်းဖြင့် ခေါင်းခါနေသည်ကို မသိခဲ့လေ...
_______________________________________
Yifan နဲ့ Su...,
သူတို့နှစ်ယောက်ရဲ့ ဘ၀က တစ်ကယ်တမ်းတော့...
Yifan..(Wu Yifan..)
သူက The Star hotel နဲ့..Eldorado Park ပိုင်ရှင် Oh Sehun နဲ့ Zi Taoရဲ့ တစ်ဦးတည်းသော သား...လိုချင်တာ အကုန်ရနေတော့လည်း တခြားကျောင်းနေဖက်တွေကို ကလေးသဘာဝအလျောက် အနိုင်ကျင့်ချင်သည်..သို့သော်လည်း သူ ၅ နှစ်အရွယ်တည်းက ကြိတ်ချစ်ခဲ့တဲ့ သူ့ရဲ့ အလင်းရောင်လေးကိုတော့ အရာရာ အလျော့ပေး သည်းခံရင်းနဲ့ နေထိုင်လာခဲ့တဲ့..ကောင်လေးပေါ့..သူ့ရဲ့ အလင်းရောင်လေးကတော့..
Kim Suho..,
သူကတော့ yi fan တို့အိမ်ရဲ့ အိမ်တော်ထိန်း Xiao Luhan ရဲ့သမီး ...အဖေဖြစ်သူ Kim Jongdae က သူ့အသက် ၃ နှစိအရွယ်မှာ နှလုံးရောဂါနှင့် ဆုံးပါးသွားခဲ့တော့..ဖခင်မေတ္တာကို လိုချင်နေသူ..သို့သော်လည်း အိမ်ကြီးသခင် Oh Sehun က ဖခင်တစ်ဦးသဖွယ် စောင့်ရှောက်ပေးတော့..အမြဲတစေ Oh Sehun...ကို ကျေးဇူးတင်နေခဲ့သူလေးပေါ့..yi fan နဲ့ကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်လေ...
~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒီနေ့..su မွေးနေ့ပဲ.."
yi fan တစ်ယောက် su မွေးနေ့ကို ဘာပေးရမှန်းမသိ..နောက်ဆုံး စဉ်းစားလိုက်တာက..
"arr..su က ပန်းကြိုက်တယ်..အဲ့တော့ ခြံအနောက်ဘက်မှာ ပန်းသွားခူးရမယ်.."
အချိန်က မနက် ၆ နာရီလောက်ဆိုတော့ su မနိုးသေးဘူးလေ..yi fan ခြံအနောက်ဖက်ကို သွားဖို့ ကြံလိုက်စဉ်မှာပဲ..ရုတ်တရက် ဖေဖေ ပြောတဲ့အသံ နားထဲ ပြန်ကြားယောင်လာသည်..
(yi fan အနောက်ဘက်ကခြံကို သွားမယ်ဆိုရင် တစ်ယောက်တည်း မသွားရဘူး..ကြားလား..သွားချင်ရင် ဖေဖေ့ကို ပြော..ok..???)
့ဖေဖေ့ကို ခွင့်တောင်းဖို့...အခန်းတံခါးသွားဖွင့်ကြည့်တော့..မေမေက အိပ်နေသည်..ဘေးမှာတော့ ဖေဖေမရှိ....
yi fan.."ဖေဖေ ဘယ်သွားတာပါလိမ့်.."
တစ်အိမ်လုံး နှံ့နေအောင် လိုက်ရှာပေမယ့်လည်း မတွေ့တဲ့ အဆုံး ခွင့်မတောင်းတော့ပဲ သွားဖို့ ဆုံးဖြတ်လိုက်သည်...
yi fan ခြံအနောက်ဘက်သို့ ဖြေးဖြေးချင်း..အေးအေးဆေးဆေး လျှောက်လာသည်...ခြံအနောက်ဘက်က တစ်ကယ်တော့ ပန်းပင်တွေချည်းပဲ စိုက်ထားတဲ့ ပန်းရုံကြီးပါ..မေမေက ပန်းကြိုက်တယ်လေ...ဖေဖေက yifan ကို မွေးတဲ့နေ့မှာ လက်ဆောင်ပေးခဲ့တာပေါ့...
yi fan.."su ကအသားဖြူတော့ နှင်းဆီပန်းရဲရဲလေး နဲ့ဆိုသိပ်လိုက်မှာ..."
yifan နှင်းဆီရုံနားကို ပြေးသွားပြီး ပါလာသော ပန်းခူးသည့် ကတ်ကြေးနဲ့ ညှပ်ဖို့ ပြင်လိုက်တုန်း...
အရှေ့ စံပယ်ရုံနားက ထိုင်ခုံလေးမှာ..လူနှစ်ယောက်...တိကျအောင် ပြောရရင် အချင်းချင်း အနမ်းချင်းဖလှယ်နေတဲ့...မိန်းမတစ်ယောက်နဲ့ ယောကျာင်္းတစ်ယောက်..
Yi fan မျက်လုံးများ ပြူးကျယ်သွားပြီး...ကိုင်ထားသော ကတ်ကြေးသည်လဲ လွတ်ကျသွားလေသည်...
"ဖေဖေ...ဒေါ်ဒေါ် lu..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟဲ..ဟဲ..ဆေးထိုးခဲ့ပြီ..
ဘာဖြစ်သွားသေးလဲ..သိချင်လား..
part-2 coming soon...
By Marchy Dohan...
YOU ARE READING
Pradise..
FanfictionKris..>>.Wu Yi Fan Suho...>>Kim Suho Chanyeol...>>.Park Chanyeol By..#marchy dohan