Part 16
Seokjin oppa ရုံးသွားခါနီး Eunsol အိမ်ဝ အထိလိုက်ပို့တော့ Oppa က သူမ ပါးလေးကို နမ်းကာ
"ညနေကျရင် Eunsol အရင်သွားနှင့်နော် Oppa ရုံးကနေလာခဲ့မယ် မမှီမှာစိုးလို့"
"nae oppa ကားကို ဂရုစိုက်မောင်းနော် Oppa"
သူမ Oppa ကားထွက်သွားတာကို လက်ပြကာ အိမ်ထဲသို့ပြန်ဝင်ခဲ့၏။ သူမ တခါမှ ပြဇာတ် မကြည့်ဖူး တာကြောင့် ညနေ ပြဇာတ်ကြည့်ဖို့ အတွက်လည်း သူမ ပျော်နေမိသည်။ နောက်ပြီး Oppa နဲ့ အတူ သွားရမှာဆိုတော့ သူမ ပိုပျော်မိသည်။ အိမ်ထောင်သက် ခြောက်လ အတွင်း တခါမှ သူမ ဒီလို Oppa နဲ့ အပြင်မှာ ရုပ်ရှင်ကြည့်တာတို့ ဘာတို့ မလုပ်ဖူး။
Eunsol လှလှလေးပြင်ပြီ မှန်ထဲမှာ ခန္ဓာကိုယ်ကို တပတ်လှည့်ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။ သူမ ဒီလို ဂါဝန်မျိုး တခါမှ မဝတ်ဖူးဘူးလေ။ စိတ်ထဲမှလည်း Oppa သာတွေ့ရင် အံ့သြသွားမှာ ဆိုတဲ့ အတွေးနဲ့ ပျော်နေ၏။ သူမ ပြဇာတ်ရုံရှေ့ရောက်သွားတော့ Oppa က မရောက်သေး။ နာရီကလည်း ငါးနာရီတောင် မထိုးသေး ပြဇာတ်က ခြောက်နာရီခွဲ မှ စမှာ ဆိုတော့ အကြာကြီး လိုနေသေးသည်။
**Ash!!! ငါကိုက စိတ်လောနေတာကိုး ခုတော့ အကြာကြီးစောင့်ရတော့မယ်**
Eunsol ပြဇာတ်ရုံရှေ့က ခုံတန်းလေးမှာ ထိုင်စောင့်နေမိသည်။ တစ်နာရီ…… နှစ်နာရီ……အချိန်တွေသာ တရွေ့ရွေ့ကုန်သွားသည် Seokjin Oppa ကတော့ ရောက်မလာခဲ့။ Oppa ဖုန်းထဲသို့ သူမခေါ်ထားတဲ့ miss call တွေ message တွေလည်း နည်းမှာမဟုတ်။ ပြဇာတ် ပြီးလို့ လူတွေ အကုန်ထွက်လာတဲ့ အထိ လည်း Oppa ရောက်မလာ။ မိုး ကလည်း သည်းကြီးမည်းကြီး ရွာနေတာကြောင့် Eunsol တစ်ကိုယ်လုံး စိုရွှဲကာ အေးနေပေမယ့် ရင်ထဲမှာတော့ အခုချိန်ထိ ဖုန်းဆက်လို့လည်းမရ ရောက်လည်းရောက်မလာသေးတဲ့ Oppa အတွက် ပူလောင်နေမိသည်။
"Eunsol???"
သူမနောက်နားက အသံကြောင့် လှည့်ကြည့်မိတော့ Yoongi oppa…
"Eunsol ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ မိုးရေတွေလဲ စိုရွှဲလို့နေမကောင်းဖြစ်တော့မယ်"
Yoongi oppa ကို တွေ့တော့ သူမ စိတ်ထွက်ပေါက်တခု ရသွားသလို ငိုချမိသည်။
YOU ARE READING
You are My [Completed]
FanfictionKim Seokjin is everything in Yoon Eunsol's life. How about for him???? May Yoon Eunsol be important person in his life????
![You are My [Completed]](https://img.wattpad.com/cover/60123277-64-k420802.jpg)