"Mr.Ghost" Part 9

1.7K 301 13
                                    

"Mr.Ghost's Pre final part"

အချိန်တွေရယ် မြန်လိုက်တာ . . .
မကြုံချင်ဆုံး ဒီအချိန်ကို ရောက်လာပြီပဲ . . .
ဒီနေ့ဟာ လပြည့်နေ့ . . .

ပြည့်ဝန်းနေတဲ့ လမင်းကြီးက အစွမ်းကုန်ထွန်းလင်းနေပြီ . . . ညပိုးကောင်တွေရဲ့ အော်သံမှအပ ပတ်ဝန်းကျင်ဟာ ငြိမ်သက်လို့နေတယ် . . .

"Lu … "

မြက်ခင်းပြင်ပေါ် လှဲလျောင်းလျက် ကောင်းကင်ကြီးကို မော့ကြည့်နေကြတဲ့ သူတို့နှစ်ဦး . . . Sehun တိုးညင်းစွာခေါ်လိုက်တော့ Luhan မျက်လုံးလေးတွေက ဒီဘက်ကိုလှည့်လာတယ် . . .

Sehunက လက်တစ်ဖက်ထောက်လိုက်ကာ Luhanဘက်ကိုစောင်းလိုက်ပြီး နဖူးစောင်းနားက ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်တယ် . . .
ရုတ်တရက် . . . . .

Sehunရဲ့ခါးကို ခပ်တင်းတင်းဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲကို လွတ်ထွက်သွားမှာစိုးသည့်အလား Luhan တိုးဝင်လိုက်တယ် . . .Sehunလည်း ကလေးလေးကို မြတ်နိုးစွာ ပွေ့ဖက်လိုက်ရင်း . .

"အဟင့် ! ဟင့် . .~ "

"Lu! . . မငိုနဲ့လေ မငိုပါနဲ့နော် . . ကလေးငိုတော့ ကိုယ်လည်းစိတ်မကောင်းဘူး . . "

"ထွက်မသွားပါနဲ့ . ."

ဝမ်းနည်းမှုတွေ ရောစွက်နေတဲ့ စကားသံတွေက နှလုံးသားရဲ့ လွမ်းဆွေးမှုနဗ့်ကြောတွေထိ စိမ့်ဝင်ဖြစ်သန်းသွားလေတယ် . . .

"Luရယ် . . . "

ငိုပါရစေ . . ကံတရားက ရက်စက်လိုက်တာ . .
တို့နှစ်ဦးရဲ့ မျက်ရည်တွေကို မိုးနတ်မင်းက မမြင်ခဲ့ဘူးထင်တယ် . . .

"ဟင့် ဟင့် ဟင့် sob* sob* "

Sehun . . Luhanလေးကို ရင်ခွင်ထဲ တင်းကျပ်စွာ ဖက်ထားလိုက်တော့တယ် . . သူလည်း မျက်ရည်တွေကျနေမိပြီ . . ရင်ထဲမှာတော့ ဗလောင်ဆူလျက် . .ကျနော် ငိုလို့မဖြစ်ဘူး . . ကျနော်ကကို ငိုနေရင် ကလေးက ပိုခံစားရတော့မှာ . .နားဝင်အောင် ဒီကလေးဆိုးလေးကို ချော့ရမယ်လေ . . . . .

ထိုအခါမှ . . မိုးနတ်မင်းရဲ့ မျက်ရည်ပေါက်ကလေးတွေက မိုးကောင်းကင်ပေါ်က တဖျောက်ဖျောက်နဲ့ကျလာတယ် . . . မြင်ပြီလား . . ကျနော်တို့ရဲ့ မျက်ရည်တွေကို မြင်ပြီလား . . .
ကျနော်တို့ကို ခွဲရလို့ ပျော်နေလား . . .ဒါပေမယ့် ခင်ဗျား ကျနော်တို့ရဲ့ အချစ်ကိုတော့ ဘယ်တော့မှ ခွဲလို့ရမှာမဟုတ်ဘူး . . .

Mr. GhostWhere stories live. Discover now