"Mr. Ghost" Part 6

1.8K 323 6
                                    

ညစာစားပြီး ... ဝရန်တာမှာ Luhan စာအုပ်ဖတ်နေသည်။

အာ ... ...ဝူး .........

ရှည်လျားတဲ့ ခွေးအူသံကြီးကြောင့် Luhanလန့်သွားမိသည်!

လေညှင်းက တစ်ချက်ဝှေ့တိုက်သွားပြီးနောက် ...

Luhan နားတွေအူလာသည်! ပီးတော့ မသဲကွဲတဲ့ စကားသံတွေ ကြားလာရသည်!

စကားသံတွေက ပဲ့တင်ထပ်နေသည်...

"Luhan ... ည ... ... ၁၁နာရီ ......
ခြံထဲ ... ...ဆင်း ... လာ ... ခဲ့ ... ပါ ... ..."

Luhan ဟိုဒီ လိုက်ရှာမိသည်။ အနားမှာ ဘယ်သူမှ မရှိ ...

"Sehun?? .... Sehun ...? "

Luhanရဲ့ အမေးကို ဖြေသံတော့ မထွက်ပေါ်လာခဲ့ ...

~~~~ ~~~~~ ~~~~~ ~~~~
နှင်းတွေ ဝေ့ဝိုက်စွာ ကျဆင်းနေကြသည်...
ညနက်လာလေ အအေးဒဏ်က ပိုဆိုးလာခဲ့သည်။ ... အိမ်ကြီးကတော့တိတ်ဆိတ်နေလေပြီ ...။

စားပွဲပေါ်က နာရီရဲ့ ... လက်တံ လှုပ်ရှားနေသံနဲ့အတူ Luhanစိတ်တွေလှုပ်ရှားနေခဲ့သည် ...

~ ၁၁နာရီ ... ... ~

အခန်းတံခါးကို သာသာလေးဖွင့်လိုက်ပြီး ...
Luhan ဟိုကြည့်ဒီကြည့် လုပ်လိုက်တယ် ...
...အင်းး ... အိပ်ကုန်ပီထင်တယ် ~~Ah! ချမ်းလိုက်တာ ...

ခြေသံဖွဖွနင်းကာ တံခါးမကြီးကို ဖွင့်လိုက်သည်။

ဂျောက် ! ......~

အနည်းငယ်မှောင်နေသည် ... ကျနော် အရင်ကဆို သရဲကြောက်တတ်တယ် ဒါပေမယ့် အခုတော့ ... 'သူ' နဲ့တွေ့ရဖို့ အချမ်းဒဏ်ကိုလည်ုး ခံနိုင်ပြီ ...သရဲကြောက်ဖို့ဆိုတာတော့ ......ပြောစရာမလိုတော့ဘူးထင်တာပဲ ...~

Luhan တံခါးအဝကနေ ခြံထဲလှမ်းကြည့်လိုက်သည်...

နှင်းတွေကြောင့် မှုန်ဝါးဝါးအရိပ်လေး......
Luhan ထိုနေရာသို့ အပြေးလေးသွားလိုက်တယ် ...

ထိုအရိပ်နားမရောက်ခင် အနည်းငယ်အလိုမှာ ရပ်လိုက်ပြီး ......

Mr. GhostWhere stories live. Discover now