"Mr. Ghost" Part 7

1.9K 300 12
                                    

"Sehun ... ကျနော့်ကို ချစ်လား ..."

"ဟင် ..."

ရင်ခွင်ထဲ ငြိမ်ငြိမ်လေး နေနေတဲ့ Luhanက Sehunကို မော့ကြည့်ရင်း မေးလိုက်တယ် ...

"ကျနော် ... Sehun ... Sehunကို ချစ်တယ်"

Sehun ... Luhanခေါင်းလေးကို နမ်းလိုက်ပြီး ...

"ကိုယ်လည်း Luhanကို ချစ်တယ် ... ဒါပေမယ့် ..."

Luhan ရုတ်တရက် Sehunနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ...

"အဆင်ပြေသွားမှာပါ ... ဘာတွေ ဘယ်လိုဖြစ်နေနေ ကျနော်တို့ ချစ်နေဖို့ပဲ အရေးကြီးတယ်မလား ..."

ဟူးး ... ကလေးရယ် ......
ကိုယ်တို့တွေက ဘဝချင်းခြားနေတယ်လေ ...
အဆုံးသတ်မှာ ရင်ကွဲရမှာကို ကိုယ်သိနေတယ် .. သို့ပေမယ့်လေ .........

ချစ်ရတဲ့သူကို ချစ်တယ်လို့ ဖွင့်ပြောပြီး...
လက်ချင်းတွဲပြီး လျှောက်သွားချင်တယ် ... ချစ်ခြင်းရဲ့ ချိုမြိန်မှုမှာ ခိုလှုံချင်တယ် ... ကိုယ် ဘယ်လို ရှေ့ဆက်ရမလဲ Luhanရယ် ......

"လပြည့်တော့မယ်နော် ..."

အဆက်အစပ်မရှိ ထွက်လာတဲ့ Luhanစကားကြောင့် Sehun ကောင်းကင်သို့ မော့ကြည့်မိလိုက်တယ် ...

လပြည့်တော့မယ်? ...~ အချိန်တွေရယ် မြန်လိုက်တာ ... ကျေးဇူးပြုပြီး ရပ်တန့်လို့ မရနိုင်ဘူးလား ...

"Luhan ......"

လှည့်လာတဲ့ Luhanမျက်နှာလေးကို ဆွဲယူလိုက်ပြီး ဖွင့်ဟနေတဲ့ နှုတ်ခမ်းနှစ်လွှာကို
ဖိကပ်ကာ ငုံထားလိုက်သည်...

ချစ်တယ် Luhan ... နောက် ဘာတွေဖြစ်မယ်မသိပေမယ့် အခုချိန်လေးတော့ ဒီလိုလေးနေပါရစေ ......

Sehun ... Luhan ခါးလေးကို ဆွဲယူရင်း တင်းတင်းကျပ်ကျပ် ဖိကပ်ထားလိုက်သည်...
Luhanလည်း Sehunရဲ့ လည်ပင်းကို သိုင်းဖက်ထားရင်း လှပသော အချစ်တို့ကို ဖန်ဆင်းလိုက်ကြတယ် ...

ထိုအချိန် ... သစ်ရွက်လေးများက လှပသိမ်မွေ့သော ချစ်တေးသံစဉ်တစ်ပုဒ်ကို တီးခတ်လိုက်ကြသည် ... ထိုသံစဉ်နဲ့အတူ လိုက်ဖက်စွာ နှင်းပွင့်လေးများက ကခုန်နေကြသည်။ ပန်းပွင့်လေးများလည်း ချိုမြိန်တဲ့ ချစ်ခြင်းတစ်ခုကို ခံစားနေကြသည် ...။

Mr. GhostWhere stories live. Discover now