Messy Relationship - Each Sight (PCY)

4.3K 294 2
                                    

Messy Relationship - Each Sight (PCY)

At Wu's mansion ,

"Borr ? Appa ! မဖြစ်​နိုင်​ဘူး​နော်​ ... ! ကျွန်​​တော်​သ​ဘောမတူဘူး "

ဧည့်​ခန်းထဲက Sofa ​ပေါ်ထိုင်​ထိုင်​ခြင်း ​ပြောလိုက်​​သော appaစကား​ကြောင့်​ နားမလည်​ခြင်းများစွာဖြင့်​ ကျွန်​​တော်​​ပြောမိတယ်​ ။

မျက်​နှာလွဲကာ​ပြော​နေ​သော Appa က ကျွန်​​တော့်​ကိုတစ်​ချက်​လှမ်းကြည့်​တယ်​ ... appaရဲ့မျက်​ဝန်း​တွေက 'သူ့ကိုငဲ့ညှာပါ' ဆိုတဲ့အ​ငွေ့အသက်​​တွေပါတဲ့နူးညံ့ခြင်းမျိုးနဲ့ ကြည့်​​နေတယ်​ ။ဒီလိုအကြည့်​မျိုးနဲ့ ကျွန်​​တော့်​ကို appaကြည့်​တိုင်း ကျွန်​​တော့်သ​ဘောထား​တွေ နူးညံ့သွားတတ်​တာ ... အဲ့ဒါကို appa သိထားတယ်​​လေ ။
ဒီတစ်​ခါ​တော့ သူအ​လျှော့​ပေးလို့မဖြစ်​ပါ ။သူ့ဘဝကြီးတစ်​ခုလုံး​ပြောင်းလဲသွားမယ့်​အ​ရေးမို့ သူလွယ်​လွယ်​နဲ့ လက်​မ​လျှော့နိုင်​ပါ ။

"Appa .. ကျွန်​​တော့်​ကိုဘယ်​လိုကြည့်​ကြည့်​ ကျွန်​​တော့်​သ​ဘောထားက ​ပြောင်းမှာမဟုတ်​ဘူး... appaက ကျွန်​​တော်​သ​ဘောတူမယ်​ ထင်​​နေတာလား "

"စဉ်းစားပါဦး သားရယ်​ ... appa ခု​ပြော​နေတာက appa တစ်​​ယောက်​တည်းအတွက်​​ပြော​နေတာမဟုတ်​ဘူး ... သားအတွက်​​ရောပါတယ်​ ... appa တို့နှစ်​​ယောက်​စလုံး အားလုံးအဆင်​​ပြေဖို့​ပြော​နေတာ သား "

" Hak ! သားအတွက်​​ရောလို့မ​ပြောပါနဲ့ appaရယ်​ ... appa ​ပြော​နေတာ appaအတွက်​ချည်းပဲ "

"Chanyeol ! မင်း ...! "

ကျွန်​​တော်​စကား​ကြောင့်​ appa စိတ်​တိုသွားပုံရတယ်​ ...

" မဟုတ်​လို့လား appa ? Appa ​နောက်​မိန်းမယူတဲ့ကိစ္စက appaအတွက်​မဟုတ်​ဘူးလား "

ကျွန်​​တော်​ appaကို​ပြောရင်း စိတ်​ပျက်​စွာကြည့်​မိတယ်​ ။ Appa ကသက်​ပြင်းတစ်​ချက်​ချပြီး ကျွန်​​တော့်​ကို​ပြောတယ်​ ။

"ခုကိစ္စက appa​နောက်​မိန်းမယူတာမို့လို့ appaနဲ့ပဲဆိုင်​တဲ့ကိစ္စမဟုတ်​တာ သားလဲသိသားနဲ့ Chanyeolရယ်​ ..."

"သိတယ်​ .. ကျွန်​​တော်​နဲ့လဲဆိုင်​​နေလို့ appaကိုကျွန်​​တော်​​ပြော​နေတာ ... ပြီး​တော့ appaရဲ့​နောက်​မိန်းမကို Omma​နေရာမှာအစားမထိုးနိုင်​ဘူး ... appaအစားထိုးနိုင်​​ပေမယ့်​ ကျွန်​​တော်​ကမရဘူး "

Messy Relationship ( Hiatus)Where stories live. Discover now