ဆုံးဖြတ်မှု
Start from the beginning
" မင်း မစားသေးဘူးလား "
ဆိုဖါထိုင်ခုံပေါ် ကိုယ်ပစ်လက်ပစ်ထိုင်လျှက် ဘတ်ခ်ဟွန်း ကျွန်တော့်ကို လှမ်းမေးလေသည် ။ ကျွန်တော် ကုတင်းနား လျှောက်သွားရင်း ။
" ဟင့်အင်း မဆာသေးလို့ "
သူ့ နဖူးပေါ် ကျနေသည့် ဆံပင်အချို့ကို ကျွန်တော် ဖယ်ရှားလိုက်သည် ။ ဆေးအနံများရစ်ဝိုင်းနေသည့် ပတ်ဝန်းကျင်ရှိ အနံများကြားမှ ခပ်သင်းသင်း ရရှိနေသည့် သူ့ရဲ့ ကိုယ်သင်းရနံ့ကို ကျွန်တော် မျက်လုံးတစ်ချက်မှိတ်ပြီး အားပါးတရရှုရှိုက်လိုက်သည် ။ ဒီရနံ့က ကျွန်တော့်ရင်ထဲက လွမ်းစွတ်ခြင်းကို စက္ကန့်ပိုင်းမျှ သက်သာစေရဲ့ ။ ကျွန်တော် သူ့ရဲ့ ပန်းနုရောင်ခပ်အိအိပါးပြင်ကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွပွတ်သပ်လိုက်သည် ။ အထိအတွေ့တွေ ငါ တမ်းတတယ် ချန်ယော်ရာ ။ ပြီးတော့ မင်းရဲ့ ရမ္မက်ဆန်တဲ့ ယုယမှုတွေကိုရောပေါ့ ။
" အစားလည်း ပုံမှန်စားပါဦး ဂျောင်ဆူးရာ ။ မင်းက ပိန်ပိန်လာတယ် တစ်နေ့ထက်တစ်နေ့ ။ ဟိုကောင် သတိရလာမှ သူ့ချစ်ချစ်ကို ဂရုမစိုက်ရကောင်းလားဆိုပြီး ငါ့ကို ရန်လုပ်နေဦးမယ် "
ကျွန်တော် ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်လျှက် ကြားလိုက်သည့် ဘတ်ခ်ဟွန်း စကားကြောင့် တစ်ချက်ပြုံးလိုက်သည် ။ ပြီးတော့ အပြုံးနှင့်အတူ ရင်ထဲ နာကျင်မိသည် ။ သူ သတိရဖို့ မျှော်လင့်ချက်ဆိုတာ ခွဲစိတ်ဆရာဝန်များကတောင် ကျွန်တော့်အား အာမမခံပေးခဲ့ပါ ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက မျှော်လင့်ချက်များကို ဘတ်ခ်ဟွန်းတစ်ယောက် ဘယ်တော့မှ အပြစ်တင်စကား မဆိုခဲ့ပေ ။ ပထမအကြိမ်တုန်းကတောင် သူ ပြန်လည်နိုးထလာခဲ့သည်ပဲ ။ အခုလည်း သူ ပြန်လည်နိုးထလာလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည် ။ မဖြစ်နိုင်ဘူးဟု လူတွေ ထင်ကြပေမယ့် မဖြစ်နိုင်ခြင်းတွေကို အမြဲ ဖြစ်နိုင်အောင် ကျွန်တော့်အား သူပဲ သင်ပြပေးသည်လေ ။
" ငါ ထမင်း၂နှပ်ကို ပုံမှန်စားပါတယ်ကွ ၊ မနက်စာက အရင်ကတည်းက အလုပ်များလို့ မစားဖြစ်ရကနေ မစားတာကြာလို့ပါ "