ပြီးဆုံးမူ
12.5K 880 92
(Z)
ညနေခင်းက လိမ္မော်ရောင်နေမင်းကြီး၏ ကောင်းကင်ကြီးအောက် လှပလွန်းနေခဲ့သည် ။ အဝေးက လှမ်းမြင်နေရသည့် ဟန်မြစ်၏ အပြာရောင်ရေပြင်ကြီးက လေအဝှေ့မှာ ရေလှိုင်းတစ်ရိပ်ရိပ်ဖြင့် လှုပ်ရှားနေကြသည် ။ ဟန်မြစ်ဘေး တစ်လျှောက်တော့ လှုပ်ရှားသွားလာနေကြသော လူများနှင့်ပင် ။ တစ်ချို့က မိသားစုလိုက် ဟန်မြစ်၏ သဘာဝအလှကို လာရောက်ခံစားပြီး အနားယူနေကြသလို ။ တစ်ချို့က တောင်ကိုရီးယားနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော ဟန်မြစ်၏ တန်ဖိုးကို မေ့လျော့ကာ ချစ်ခြင်းတန်ဖိုးကို မြင့်တင်နေကြသည့် စုံတွဲအချို့ရှိနေကြပြန်သည် ။ တစ်ချို့ကလည်း သဘာဝကျကျ ဟန်မြစ်အလှကို အားကစားလုပ်ခြင်းဖြင့် လွတ်လပ်စွာခံစားနေကြပြန်သည် ။ လူတွေ ဘယ်လိုပဲနေနေ ဟန်မြစ်၏ ရေပြင်ကတော့ တသွင်သွင်စီးဆင်းနေဆဲပင် ဖြစ်သည် ။
" ရော့ ။ ကော်ဖီပူပူလေး သောက်ပါဦး ။ "
ကျွန်တော် လှမ်းပေးလိုက်သည့် အသင့်သောက်ကော်ဖီပူပူ တစ်ခွက်ကို လုဟန်က လှမ်းယူရင်း ကျေးဇူးပဲဟု ဆိုလာလေသည် ။ ကျွန်တော် လေအေးအေးတိုက်ခတ်နေသော အေးစက်မူကို လျော့သွားစေရန် ကော်ဖီကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အနွေးဓါတ်ပေးလိုက်သည် ။ အပူဓာတ်က လက်မှ တဆင့် ကျွန်တော့် သွေးကြောတွေကို နွေးထွေးသွားစေသည် ။
" ရှင် ဘာပြောချင်လို့ ကျွန်မကို ချိန်းတာလဲ ချန်ယော် ။ "
ကျွန်တော့်အား လှည့်ကြည့်ရင်း မေးလာသည့် ကျွန်တော့်ဘေးတွင် ထိုင်နေသော သူမမေးခွန်းကို ကျွန်တော်နုတ်ဆိတ်လျှက် နေမိသည် ။
ကျွန်တော် ပြောသင့်သည်လားလည်း မသေချာပါ ။ ထိုအတူ ကျွန်တော် ပြောခွင့်ရှိသည်လားလည်း မသေချာပါ ။ ဒီတစ်ပတ်လုံး ထိုမေးခွန်းများနှင့် ကျွန်တော်က ဒီနေ့ မနက်တော့ ဘတ်ခ်ဟွန်းဆီမှ သူမ ဖုန်းနံပါတ်ကို ရှာဖွေကာ လုဟန်ဆီ ဖုန်းဆက်ပြီး တွေ့ဆုံဖို့ ချိန်းဆိုလိုက်သည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အချစ်ဆုံးသူငယ်ချင်းကို တားမြစ်ရမည် ။
ကျွန်တော် စိတ်ကို တည်ငြိမ်စေရန် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်သည် ။