ဂျူးလိယက် ထံသို့ (၄)
7.9K 844 201
(Z)
ချစ်ခြင်းတရားတွေဟာ သိပ်ကိုဆန်းကြယ်လွန်းတယ် ဂျူးလိယက် ...။
အကြောင်းတရားများစွာကနေ အကျိုးတစ်ခုအဖြစ် အချစ်ကို ပုံစုံမျိုးစုံမွေးဖွာစေနိုင်တယ် ။
ငါဟာ တစ်ကြိမ်တစ်ခါက အချစ်ကို မြိုသိပ်မှုတွေကြား အကြောက်အလန့်မွေးဖွားဖူးတယ် ။
ငါဟာ တစ်ကြိမ်တစ်ခါက အချစ်ကို ရင်းနှီးမှုတွေကြား အထိအတွေ့အချို့နဲ့ မွေးဖွားဖူးတယ် ။
ငါဟာ တစ်ကြိမ်တစ်ခါက အချစ်ကို အတားအဆီးတွေကြား သိမ်ငယ်စွာမွေးဖွားဖူးတယ် ။
ငါဟာ တစ်ကြိမ်တစ်ခါက အချစ်ကို နာကြည်းမှုတွေကြား မနာလိုမှုတွေနဲ့မွေးဖွားခဲ့တယ် ။
အကြိမ်အခါခါမွေးဖွားပြီး အကြိမ်ကြိမ်အခါခါ ကျဆုံးခဲ့ဖူးတယ် ။
ဒါကြောင့် ... ။
ငါ အလိုအပ်ဆုံးဟာ ချစ်ခြင်းတရားဆိုရင်တောင် ....။
ငါ အကြောက်ဆုံးကလည်း ချစ်ခြင်းတရားပဲ....ဂျုးလိယက်။
****************************************
အေးစိမ့်စိမ့်ခံစားမှုအချို့နှင့်အတူ ကျွန်တော် မျက်လုံးကို မှိတ်ထားလျှက်ပင် လစ်ဟာနေသည့် ကျွန်တော့်ကျောပြင်နောက်က နေရာကို လက်ဖြင့် နောက်ပြန်စမ်းလိုက်သည် ။ အိစက်နေသည့် အထိအတွေ့မျှလွဲရင် ဘာမှ မထိတွေ့ရသည့် ခံစားမှုကြောင့် ကျွန်တော် မျက်လုံးကို ဖွင့်၍ ဘေးဘီသို့လှည့်ကြည့်လိုက်သည် ။ အဖြူရောင်အခင်းနှင့် မွှေ့ယာထူထူသာ ကျွန်တော့် မြင်ကွင်းထဲ ရောက်လာသည် ။ ဘယ်အချိန်က ကျွန်တော် အိပ်ခန်းထဲရှိ ကုတင်ပေါ်သို့ ရောက်လာသည်ကို မသိခဲ့ ။ ကျွန်တော် နောက်ဆုံးသိခဲ့သည်က အိမ်ရှေ့ ဧည့်ခန်းမကြီးရှိ အေးစက်စက်ကြမ်းပြင်ပေါ်တွင် ချွေးများစို့နေသည့် သူ့ရင်ခွင်နွေးနွေးထဲ ကျွန်တော် မောပန်းစွာ လှဲလျောင်းနေသည်ကိုပင် ဖြစ်သည် ။ ထိုအတိုင်း ကျွန်တော် အိပ်ပျော်သွားသည် ထင်ပါရဲ့ ။ ကျွန်တော် လက်တွင်ပတ်ထားသည့် နာရီကို ကြည့်လိုက်တော့ ည ၁၁ နာရီပင် ရှိနေပြီ ။ ကျွန်တော် အဝတ်အစားများကင်းမဲ့နေသည့် ခန္ဒာကိုယ်ကို အဖြူရောင်စောင်ကြီးဖြင့် လွှမ်းခြုံလိုက်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည် ။ အနည်းငယ် နာကျင်သွားသည့် ခါးအောက်ပိုင်းက ခံစားမှုအချို့ကြောင့် ညနေက သူနှင့် ကျွန်တော့်၏ အဖြစ်အပျက်ကို တွေးမိပြီး အနည်းငယ် မျက်နာပူသလို ခံစားမိလာသည် ။