တည်ဆောက်မှု
11.7K 949 104
I (z)
" ဂျောင်ဆူး.... ။ ဟိတ်ကောင် ... ဂျောင်ဆူး...။ခဏနေဦး.."
ဖုန်းထဲမှ ကြားနေသော ဘတ်ခ်ဟွန်းရဲ့ စကားသံကို ကျွန်တော် ပြီးဆုံးအောင် ဆက်နားမထောင်တော့ပဲ ဖုန်းကို ချပြီး ထိုင်နေရာမှ ထပ်ရပ်ကာ ပြေးထွက်လိုက်သည်။ ကျွန်တော့်နားထဲ ဘတ်ခ်ဟွန်းရဲ့ ဟိုကောင် ပြန်ရောက်နေပြီဆိုသည့် စကားသံသာ အကြိမ်ကြိမ်အခါခါ ပြန်ကြားနေမိသည်။ ပြီးတော့ ထိုကြားယောင်နေသော ဘတ်ခ်ဟွန်း စကားသံကြား ကျွန်တော့်အတွက် အရာရာအားလုံး ပြီးပြည့်စုံသလို ကျေနပ်မှုကို ခံစားနေရတော့ ကျွန်တော် ကားမောင်းနေရင်း ပြုံးနေမိသည်။ တကယ် သူ ပြန်လာပြီပေါ့။ ပြန်လာလိမ့်မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် တကယ်တမ်း ကြားရတော့လည်း ဖြစ်ပေါ်လာသည့် ခံစားမှုက အိပ်မက်တစ်ခုလိုပင် ဖြစ်နေသည်။ မယုံရဲသလို ခံစားချက်များနှင့် ။ ဘေးတွင်ရှိသော ထိုင်ခုံပေါ် တင်ထားသည့် ဖုန်းမှ မြည်နေသော ဖုန်းကို ကျွန်တော် ပြန်မဖြေချင်သေးပေ။ ဘတ်ခ်ဟွန်း ဘာလို့ ဖုန်းခေါ်နေသည်လည်း ကျွန်တော် သိသည်။ ဘယ်မှာရှိနေတယ်လို့ မပြောရသေးသည့် ကျွန်တော်က သူ့အား ဘယ်နေရာမှာ သွားရှာမလဲ မေးချင်တာ ဖြစ်မည်။ ကျွန်တော် အတွေးနှင့် ကားကို လျင်မြန်စွာမောင်းရင်း ပြုံးနေမိသည်။ သူ ဘယ်မှာရှိမလဲဆိုတာ ကျွန်တော် အသိဆုံးပဲလေ။ ကျွန်တော် မီးနီနေသော မီးပွိုင့်တွင် ကားရပ်နေရင်း မခန့်မှန်းနိုင်သော လွတ်လပ်မှုများကြောင့် ပတ်ဝန်းကျင်က အရာရာတိုင်း လှပနေသလို ခံစားနေရသည်။ ထိုခံစားမူများနှင့်အတူ ကျွန်တော် ကားစတီယာတိုင်ကို လက်သီးဆုပ်လေးဖြင့် ဖြေးဖြေးလေးထုကာ လက်တစ်ဖက်က ပါးစပ်ကိုပိတ်လျှက် ရီမောနေမိသည်။
ကျွန်တော် ကားကို လျင်မြန်စွာမောင်းပြီး အရင် သူနေခဲ့သော တိုက်ခန်းရှေ့ ရပ်လိုက်သည်။ သူ ထွက်သွားကတည်းက ဒီတိုက်ခန်းကို ကျွန်တော် အနည်းဆုံးတစ်လတစ်ခါတော့ လာဖြစ်သည်။ သူ့ အငွေ့အသက်များ အများဆုံးရှိနေသော ဒီတိုက်ခန်းက သူ့ကို လွမ်းသည့် ကျွန်တော့်ရဲ့ အလွမ်းစိတ်ကို အနည်းငယ်တော့ ဖြေဖျောက်စေသည်။ ကျွန်တော် တိုက်ခန်းလုံခြုံရေးအစောင့် ဦးလေးကြီးကို လှမ်းပြီးနှုတ်ဆက်ကာ အပေါ်ထပ်သို့ အလောတကြီး ပြေးတက်သွားလိုက်သည်။ ပြီးတော့ သူ့တိုက်ခန်းတံခါးရှေ့ရပ်ပြီး ခဏမျှ အမောဖြေကာ မှတ်မိနေသော သူ့မွေးနေ့ လျှိုဝှက်နံပါတ်ကို နိုပ်လိုက်သည်။ ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနှင့် အခန်းတံခါးကို ခပ်ဖြေးဖြေးဖွင့်ကာ အိမ်ထဲ ခြေလှမ်းတစ်လှမ်းချင်း ဝင်လိုက်သည်။ တဖြေးဖြေး ကျွန်တော့် အမြင်အာရုံထဲဝင်ရောက်လာသည့် မီးဖိုခန်းတွင် ကျောပေးရပ်နေသော ပုံရိပ်လေး။ အမြင်အာရုံနဲ့ပင် ထိုပုံရိပ်လေးက ကျွန်တော် အချိန်ကြာမြင့်စွာ မျှော်လင့်ခဲ့သည့် ပုံရိပ်မှန်း ကျွန်တော့် နှလုံးသားက အလိုလိုခံစားနားလည်နေမိသည်။ ကျွန်တော် ဧည့်ခန်းကို ဖြက်လျှောက်ကာ ထိုကျောပြင်အနား နီးကပ်အောင် လျှောက်လိုက်သည်။ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး သူ့ရဲ့ကိုယ်သင်းရနံလေး ပိုပြီး သင်းပျံ့လာသည်။ အနောက်က လူတစ်ယောက် ရှိနေသော ခံစားမှုကြောင့်ထင် စောစောက ကျောပေးထားသည့် ပုံရိပ်က အခုတော့ ကျွန်တော်နှငိ့ မျက်နှာချင်းဆိုင် ဖြစ်လာသည်။ ကျွန်တော် အနည်းငယ် အံ့ဩနေသော ထိုမျက်လုံးဝိုင်းဝိုင်းလေးကို မြင်ပြီး လျင်မြန်လွန်းသည့် နှလုံးခုန်သံများကြား ရင်ခုန်စိတ်လှုပ်ရှားကာ အနည်းငယ်အလှမ်းကွာနေရာမှ ရပ်တန့်နေမိသည်။