/Delight လုပ်ငန်းစု မှ လူငယ် စီအီးအို Park ChanYeol နှင့် D&E လုပ်ငန်းစုမှ သမီးဖြစ်သူ Lee EunHae တို့ လက်ထပ်ပြီးစီး/
/Park ChanYeol နှင့် Lee EunHae ၏ လက်ထပ်ပွဲမှာ အင်အားကြီး လုပ်ငန်းစုများ ဖြစ်သော Delight နှင့် D&E တို့၏ ကြောက်မက်ဖွယ် ပေါင်းစည်းမှု၏ ပြယုဂ်ဖြစ်ကြောင်း လုပ်ငန်းရှင် အများစု ဂုဏ်ပြုပြောကြား/
စီးပွားရေးနယ်ပယ်ရဲ့ ပြောင်မြောက်လှသော ပေါင်းစည်းမှုကြီးကို ရေးသားထားသော သတင်းတွေက သက်ဆိုင်ရာ newsites မျိုးစုံမှာ ထိပ်စည်းက နေရာယူလျက်!
"အဟက်"
BaekHyun ခပ်ဖွဖွရယ်လိုက်မိသည်။ နာကျင်ရလွန်းလို့ ထုံပေနေတဲ့ နှလုံးသားက နောက်ဆုံးတော့ လှောင်ပြုံးတွေ ပြုံးတတ်လာခဲ့ပြီလေ။
*မင်း ရွေးချယ်ခဲ့တဲ့ လမ်းမှာ ပျော်ရွှင်ပါစေလေ*
Laptop ကို ပိတ်ချလိုက်ပြီး မျက်ဝန်းကိုပါ မှိတ်ချလိုက်တော့ ဘယ်ဘက်ပါးပြင်ပေါ်မှာ မျက်ရည်တစ်စက်က မရည်ရွယ်ပါပဲ လိမ့်ဆင်းလာတယ်...
ကျစမ်းပါစေ။ မသုတ်ဘူး။ ကျွန်တော့်ကို ဆူးတစ်ချောင်းလို လွှင့်ပစ်ခဲ့တဲ့သူ့အတွက် ကျတဲ့ မျက်ရည်တွေကို အပင်ပန်းခံပြီး မသုတ်ဘူး။ ဒီမျက်ရည်တွေ ဆိုတာကလည်း ချစ်ခြင်းတွေ၊ သူ့ကို အသည်းနင့်အောင် ချစ်ခဲ့ဖူးခြင်းတွေ အရည်ပျော်ကျနေတာ။ မျက်ရည်တွေ ခမ်းသွားတဲ့ တစ်နေ့ ချစ်ခြင်းတွေအားလုံးပျောက် မုန်းတီးခြင်းတွေ အစားထိုး ဝင်လာလိမ့်မယ်။ အဲ့သည် တစ်နေ့ကို စောင့်ရင်း ကျွန်တော် သူနဲ့ အဝေးဆုံးကို ထွက်ပြေးလာခဲ့ပြီလေ။
/လိုက်ပါစီနင်းလာကြသော ခရီးသည်များရှင့် မကြာမီတွင် Paris သို့ ဆိုက်ရောက်တော့မည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ်/
လေယာဉ်မယ်၏ အသံချိုမြမြကို ကြားမိတော့..
"အော် ChanYeol ရေ ငါမင်းရဲ့ ကမ္ဘာတစ်ဖက်ကို ရောက်လာမိပါပြီလား!"
A/N: Dan tan tan...
အဖြူရောင်ကို ဘယ်လို ဆက်ရေးရမှန်း မသိတော့လို့ 😖🔫🔫 သေချင်စိတ်ပေါက်နေပါသည်
အ့ idea မရမချင်း ဒါလေးပဲ ရေးမယ်နော် 😘😘 နော် 😘😘😘
YOU ARE READING
ဆူး
Fanfictionအချစ်က ဆူးတစ်ချောင်းလား? ချစ်ရသူက ဆူးတစ်ချောင်းလား? ကိုယ်ကပဲ သူ့အတွက် ဆူးတစ်ချောင်း ဖြစ်ခဲ့တာလား?
