We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

1

292 36 9
                                        

"ပျောက်ဆုံးသူအမည်ကိုပြောပါ"

"ချယ်ယောင်းပါ ယွန်းချယ်ယောင်း"

"ဘယ်နေ့ထဲကပျောက်သွားလဲ"

"ဒီအင်္ဂါနေ့မှပါ အစက သူ့သူငယ်ချင်းအိမ်သွားမယ်ပြောထားလို့ ကျွန်တော်မဆက်သွယ်ဘဲနေလိုက်တာ
အဲ့နေ့ထဲကရောက်မလာဘူးပြောတယ်ဗျ။"

အဖေဖြစ်သူရဲ့ ခြေမကိုင်မိ လက်မကိုင်မိ အနေအထား ကြောင့်ပြက္ခဒိန်ကို ကြည့်လိုက်တော့ ဒီနေ့ သောကြာနေ့။

"ဟုတ်ကဲ့ ကျွန်မတို့စုံစမ်းကြည့်လိုက်ပါ့မယ် ဦးလေး။
အိမ်ပြန်လို့ရပါပြီ"

"အကူအညီတောင်းပါတယ်ဗျာ။ ကျွန်တော့်သမီးလေးကို တွေ့အောင်ရှာပေးကြပါနော်"

ကျောခိုင်းသွားတဲ့ လူကိုကြည့်ပြီး သူမ သက်ပြင်းချမိပါတယ်။ ဒီတလော မိန်းကလေးတွေပျောက်တဲ့နှုန်းက သိသိသာသာကိုမြင့်တက်နေတာ။

"ဆူဟီး ဘာcaseလဲ"

သူမ မျက်မှောင်ကြုံ့နေတဲ့ပုံစံကိုမြင်သွားတဲ့ သူငယ်ချင်းလေးက မေးလာပါတယ်။

"လူပျောက်တာ
အမှန်တော့ဟာ ဒီတလော တရုတ်ကနေတရားမဝင်ရောက်လာတဲ့ ကပြားတွေအကြောင်း သတင်းရတယ်
အဲ့ကတည်းကနေ ကောင်မလေးတွေ စပျောက်လာတာပဲ"

"နင်ဘယ်လိုလုပ်ချင်လဲ"

"ငါကတော့ တပ်ကူတောင်းပြီး အသွင်ယူဖမ်းချင်တာ
ဒါပေမယ့် သိတဲ့အတိုင်း အထက်ကလူတွေကသူတို့အကျိုးအမြတ်မရှိရင် ဘာမှအားစိုက်ထုတ်ပေးချင်တာမဟုတ်ဘူး"

"ဒါတော့ ငါတို့အလုပ်ပဲလေ။ ငါ စခန်းမှူးနဲ့စကားသွားပြောလိုက်မယ်"

ဆူဟီး သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ရင်း စားပွဲပေါ်က ဖိုင်တွဲအဟောင်းတွေကို လှန်လှောကြည့်နေမိသည်။ ပြီးခဲ့တဲ့လက ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ဓာတ်ပုံတွေက စားပွဲပေါ်မှာ အစီအရီ။ ဝါကျင့်ကျင့် မီးရောင်အောက်မှာ ထိုမျက်နှာလေးတွေကို ကြည့်ရသည်မှာ သူမ၏ ရင်ဝကို အပ်နဲ့ဆွသလို ခံစားရစေသည်။ ဆိုးလ်မြို့ကြီးနဲ့ ဝေးကွာပြီး တောင်တန်းတွေ ဝန်းရံထားတဲ့ ဒီမြို့ငယ်လေးရဲ့ တိတ်ဆိတ်မှုနောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အရိပ်ဆိုးတွေ ခိုအောင်းနေလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာကောင်းလှသည်။

Verdict: Still Loving YouStories to obsess over. Discover now