Naniသည် ရဲစခန်း၏ မှန်တံခါးကို တွန်းဖွင့်လိုက်သည်။ သူ၏ ရင်ဘတ်ထဲ၌ နှလုံးခုန်သံများ အပြင်းအထန် ရိုက်ခတ်နေသည်။ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ရုတ်တရက် ရောက်လာသော ဖုန်းခေါ်ဆိုမှုတွင် ရဲများက သူ့ကို မေးမြန်းချင်ကြောင်း ပြောခဲ့သည်။ ဘာကိစ္စလဲဆိုတာတော့ မပြောခဲ့ပေ။ Naniသည် သူ့ရဲ့ tote bag ကြိုးလေးကို ပုခုံးပေါ်ပြန်ဆွဲတင်လိုက်ကာ ရဲအရာရှိများ၏ စူးစမ်းလိုစိတ်ပြည့်နေသော မျက်လုံးများက သူ့ဘက်သို့လှည့်ကြည့်နေချိန်တွင် စိတ်တည်ငြိမ်အောင် ကြိုးစားနေမိသည်။ သူ့ဘဝတွင် ဒါဟာ ရဲစခန်းကို ပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်တာကြောင့် အပြစ်မလုပ်ထားသော်လည်း စိတ်လှုပ်ရှားနေသည်။
Nani အသက်ကိုဝဝရှူလိုက်ပြီး ခြေလှမ်းရန်ပြင်လိုက်စဉ် အနက်ရောင်suitကို ခန့်ခန့်ညားညားဝတ်ဆင်ထားသော လူတစ်ယောက်က သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ထိုလူ၏ ရပ်တည်မှုက အေးဆေးတည်ငြိမ်နေသော်လည်း ပါးလွှာသော မျက်မှန်အနောက်က မျက်လုံးများကတော့ စူးရှနေသည်။
"ခွန်Hirunkit Changkhamလားခင်ဗျ?"
ထိုလူက Naniကိုကြည့်ကာ မေးသည်။
"ဟုတ်ကဲ့"
Naniပြန်ဖြေလိုက်တဲ့အခါ ထိုလူက ခေါင်းအနည်းငယ် ဦးညွှတ်လိုက်ပြီး...
"ကျွန်တော် Sunat Chaiyaparutပါ...N Groupရဲ့ ဥပဒေအကြံပေးရှေ့နေအနေနဲ့ ခွန်Wongravee Nateetornအစား လာခဲ့တာပါ"
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် Nani၏ ရင်ဘတ်ထဲမှာ တင်းကျပ်သွားသည်။
"ဘာလို့ ကျွန်တော့ကို တားပြီး အခုလိုပြောနေရတာလဲ?"
Nani အမေးစကားတွင် Sunat၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိ။
"ဘာလို့လဲဆိုတော့ ဒီနေ့ ရဲတွေက ခွန်Hirunkitဆီကနေ ဘာမှ သိနိုင်စရာမရှိလို့ပါ...ရဲတွေက ခွန် မဖြေပေးနိုင်တဲ့မေးခွန်းတွေနဲ့ ခွန့်ရဲ့အချိန်တွေကို ဖြုန်းတီးဖို့ ရည်ရွယ်နေတာ အဲ့ဒီအစား ကျွန်တော်က...."
Sunatက ပြောနေရင်း ခဏရပ်လိုက်သည်။ Naniကလည်း ထိုလူဆက်ပြောမည့်စကားများကို စောင့်ဆိုင်းနေသည်။
YOU ARE READING
The Way You Hated Me
Fanfictionအချစ်ဆိုတာ လှည့်စားခံရဖို့လား ဒါမှမဟုတ် အမှန်တရားအောက်မှာ နာကျင်ဖို့လား...ဟုတ်ပါတယ် အမှန်တရားက နာကျင်စေတယ်... ဒါပေမယ့် ဒီနာကျင်မှုမရှိရင် ငါတို့ဘယ်တော့မှ အမှန်တကယ် နားလည်နိုင်မှာမဟုတ်ဘူး...
