ကယ်လီီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုမြို့~~~
မီးပန်းဆွဲများသည် ပုံဆောင်ခဲများဖြင့်ဖမ်းမိထားသော ကြယ်စုတန်းများကဲ့သို့ တောက်ပလျက် အလင်းရောင်များကို မက်လုံးအုပ်ထားသော ထိုင်ခုံတန်းကြီးပေါ်သို့ ဖြန့်ကျက်နေသည်။ စားပွဲထိုးများသည် ဧည့်သည်များကြားတွင် သိမ်မွေ့စွာ လှုပ်ရှားသွားလာကာ ရှန်ပိန်ခွက်များကို ထပ်မံဖြည့်နေကြသည်။ လေထုထဲတွင် သစ်သားဟောင်းများ၊ ပြောင်နေသော ကြေးဝါများနှင့် ပြောစရာမလိုတော့သည့် ငွေကြေးအနံ့တို့ အနည်းငယ် ရောပြွမ်းနေသည်။
Sky Wongraveeသည် သူ့အင်္ကျီလက်အနားကို ညှိရင်း သက်ပြင်းချလိုက်မိသည်။ သူသည် အနုပညာအတွက် ဤနေရာသို့ ရောက်လာခြင်းမဟုတ်။ သူကိုယ်တိုင် အနုပညာကို နှစ်သက်မှန်းပင် မသေချာပေ။ သို့သော် Charlieက လိုက်ခဲ့ရန်အဇွတ်တိုက်တွန်းခဲ့သည်။
"မင်း ကယ်လီဖိုးနီးယားမှာ ကျောင်းပဲတက်နေတော့မှာလား? အနည်းဆုံး တစ်ကြိမ်လောက် လေလံပစ္စည်းတွေကို ကြည့်သွားစမ်းပါ...ဒီည စုဆောင်းမှုက ရှားပါးတယ်လို့ သတင်းရထားတယ်"
Charlie၏ ထိုသို့သော အပြောများနဲ့အတူ Skyကို လေလံပွဲသို့ ရောက်အောင် ဆွဲခေါ်လာနိုင်သည်။ ယခုတွင်တော့ ဒီနေရာကိုရောက်တဲ့အခါ Skyသည် Charlieရဲ့ 'ရှားပါးတယ်'ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို 'စျေးကြီးတယ်' ဟူ၍သာ သံသယရှိမိသည်။
Charlieသည် ကပြားတစ်ယောက်ဖြစ်ပြီး Skyနဲ့ ကျောင်းတက်ရင်းခင်ခဲ့သော သူငယ်ချင်းဖြစ်သည်။ Charlieအဖေက USနိုင်ငံသားဖြစ်ပြီး အမေကတော့ ထိုင်းလူမျိုးဖြစ်သည်။ ထို့ကြောင့် Charlieသည် Skyရဲ့ တစ်ဦးတည်းသော ထိုင်းစကားပြောဖော်ဖြစ်လာခဲ့သည်။
Charlie၏အဖေက ဆန်ဖရန်စစ္စကိုရှိ လေဆိပ်၏အကြီးအကဲဖြစ်တာကြောင့် ငွေလျှံပြီး သားဖြစ်သူကိုလည်း အလိုလိုက်သည်။ ဒါကြောင့် Charlieဟာ သူနှစ်သက်ရာဖြစ်တဲ့ ပန်းချီတွေကို ငွေအကုန်ခံပြီး လေလံလိုက်ဆွဲလေ့ရှိသည်။
ယခု သူငယ်ချင်းဘေးမှာ ထိုင်ရင်း Sky၏ မျက်လုံးများသည် ခန်းမတစ်ခွင်သို့ လှည့်လည်ကြည့်ရှုနေသည်။ စင်မြင့်ပေါ်တွင် အနက်ရောင်အထည်ဖြင့် ဖုံးအုပ်ထားသော ပန်းချီစင်များ အတန်းလိုက်ရှိပြီး ၎င်းတို့၏ ရတနာများကို ဖော်ပြရန် စောင့်ဆိုင်းနေကြသည်။ ငွေရောင်ဆံပင်နှင့် ဇာတ်စင်မင်းသား၏ ဟန်ပန်ကိုယ်ဟန်ရှိသော လေလံတင်သူသည် ပရိတ်သတ်အာရုံစိုက်ရန် သူ၏ကြွေးကြော်တံကို ဖြည်းညင်းစွာ တီးလိုက်သည်။
YOU ARE READING
The Way You Hated Me
Fanfictionအချစ်ဆိုတာ လှည့်စားခံရဖို့လား ဒါမှမဟုတ် အမှန်တရားအောက်မှာ နာကျင်ဖို့လား...ဟုတ်ပါတယ် အမှန်တရားက နာကျင်စေတယ်... ဒါပေမယ့် ဒီနာကျင်မှုမရှိရင် ငါတို့ဘယ်တော့မှ အမှန်တကယ် နားလည်နိုင်မှာမဟုတ်ဘူး...
