Part - 6

102 10 4
                                        

ထယ်ယောင်းမှာ ရှုတင်ပြီးလို့ အိမ်ပြန်ရောက်သည်အထိ.... စိတ်ထဲကထုတ်မရသေးသည့် မျက်ဝန်းတွေရဲ့ပိုင်ရှင်။

သူ့မျက်ဝန်းးးတွေ.....သိပ်ကိုတောက်ပသလို.....ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတယ်။ သူ့မျက်ဝန်းးတွေ.....အရမ်းးးတောက်ပနေသလို တစ်ချိန်တည်းမှာ မှိုင်းညို့နေပြန်တယ်။

တစ်ချက်တစ်ချက်ကြည့်ရင်......ဒီမျက်ဝန်းတွေဟာ.....ငါ့မျက်ဝန်းတွေနဲ့ဆင်တူနေသလိုပဲ။

ပျော်ရွှင်နေသလိုပေမဲ့ စိတ်ဆင်းရဲနေရတဲ့ဘဝမျိုးးး။ အချုပ်အနှောင်တွေရစ်ပတ်ထားတဲ့ ဘဝမျိုးးး။

အရမ်းရင်းနှီးနေသလိုပဲ....သူက......သာမာန်တော့မဟုတ်လောက်ဘူးးထင်တယ်။ ထူးဆန်းတယ်...ထူးဆန်းတဲ့ခံစားချက်တွေပဲ။

သူကိုတွေ့တော့.....တစ်စုံတစ်ယောက်ကိုသတိရမိပေမဲ့....အဲတစ်စုံတစ်ယောက်ကို မမှတ်မိဘူးး။ ခက်တယ်....အဖြေမရှိတော့တဲ့.....အရာပါလားးး။

သူက ဘယ်သူပါလိမ့်...။

ထယ်ယောင်း ဆိုဖာပေါ်မှာထိုင်နေရင်းး ငေးငိုင်လို့ မလှုပ်မရှားနဲ့ ဆိုဖာပေါ်အလှထားထားသော ခေါင်းအုံးးသေးသေးလေးကိုသာ ဖက်ထားလျက်။

"ထယ်ယောင်းးး ဘာဖြစ်နေတာလဲကွ"

နောက်ကနေ ပုခုံးကိုလှုပ်ကိုင်ကာ မေးလာပါသော ဆူဟော့ကြောင့် လန့်ဖျန့်သွားရသည်။

"ရားးးး လန့်တာ....ကွာ"

လိပ်ပြာတောင်လွင့်တော့မတတ်...အတွေးလွန်နေတဲ့သူကို ဒီလိုခြောက်စရာလားးဗျ။

"မင််းးကလည်းးး မင်းက ငူတူတူကြီး ဖြစ်နေတာကိုးးးး အဲတော့ ငါကမေးရတာပေါ့"

"ရိုးရိုးမေးလေဗျာ....ခုက "

"အော်..အေးအေးး ရိုးရိုးမေးတော့ ကြားရှာတာဆိုတော့လေ...."

"အဲဒါက အဲဒါလေ"

"ကဲ...ပြောစမ်းပါ့...ခေါ်မကြားလောက်တဲ့အထိ လူရှိမှန်းတောင်မသိရတဲ့အထိ ငြိမ်နေရတဲ့အကြောင်းပြချက်လေးးး"

"ဘာရယ်မဟုတ်ပါဘူးးး ဒီတိုင်းး  ဒီနေ့မှ တွေ့ခဲ့တဲ့လူကြောင့်ပါ"

⛓ 𝑻𝒉𝒆 𝑫𝒆𝒕𝒆𝒏𝒕𝒊𝒐𝒏 - အချုပ်အနှောင် (𝑻𝒂𝒆𝒌𝒐𝒐𝒌) ⛓Where stories live. Discover now